အပိုင်း(4)🌪️‼️

34.2K 1K 64
                                    


    မေမေ ကသူမျက်စိရှေ့တွင်ဆုံးသွားခဲ့ပြီးဖေဖေကထောင်ထဲရောက်သွားသည်။ ကိုကိုကလဲရုတ်တရက်သူ့ကိုသိပ်မုန်းတယ်တယ်ဆိုပြီး အဝေးကိုထွက်သွားခဲ့သည်။တစ်ခဏအတွင်းကံကြမ္မာလှည့်စားမူ့ကြောင့် သက်ပိုင်မှာ ဘာမှမကျန်တော့ပေ။

အသက် ဆယ်နှစ်သာရှိသေးတဲ့ ကောင်လေး တစ်ယောက်အတွက်ကံကြမ္မာရိုက်ချက်ကပြင်းလှသည်။ ဘာတွေဆက်ဖြစ်ဦးမလဲ မသိတဲ့ လောကကြီးအလယ်မှာ သူတစ်ယောက်ထဲအထီးကျန်ကြောကက်ရွံ့စွာကျန်ခဲ့သည်။

ညစဥ်ညတိုင်းအခန်းငယ်လေးထဲ ဒူးပိုက်ရိူက်ငိုရင်း နေ့ရက်တွေကိုသူကုန်ဆုံးခဲ့ရသည်။

"ဟင့်ဟင့် ....ကိုကိုကသားကိုမုန်းတယ်တဲ့ သားကိုရွံလဲရွံ့တယ်တဲ့ သားကိုမကြည့်ချင်တော့ဘူးတဲ့ ဟီး အီး ဟီး သားဘာလုပ်ရမှာလဲ ဘယ်သူနဲ့နေရတော့မှာလဲ မေမေရေ သားကို တစ်ယောက်ထဲမထားခဲ့ပါနဲ့သားကြောက်တယ်!! ​ "

နေ့တွေညတွေရက်ပေါင်းများစွာ မငိုတဲ့ ညမရှိလောက်အောင် ညတိုင်းငိုရင်း သက်ပိုင်လေး တစ်ယောက်ထဲ ဖြတ်သန်းရင်း လူကထုံပေလာခဲ့သည်။ တစ်ခါတစ်လေ သူသိပ်ချစ်ရတဲ့ကိုကို ကိုလွမ်းမိသည်။

"လွမ်းတယ် ကိုကို..   ကိုကို ကိုသားအများကြီးသတိရတယ်"

  မဆွေကတော့ မေမေတို့မရှိတဲ့နောက်ပိုင်းအိမ်ကြီးမှာ
သက်ပိုင်လေးနဲ့အတူလာနေပေးရှာသည်။ ဒီကလေးတစ်ယောက်ထဲ သူတို့လင်မယားဘယ်လိုမှမထားခဲ့ရက်ခဲ့နိုင်။

ကိုဘုန်းအောင် မသေခင် ကလေးကိုစောင့်ရှောက်ပေးဖို့တစ်ဖွဖွ မှာထားခဲ့ရှာသည်မို့ သူတို့လင်မယား တာ၀န်ကျေခဲ့သည်။   ရှေ့နေကြီး ကလစဥ်ကျောင်းစားရိတ်နဲ့ အိမ်စားရိတ်ကိုအတိကျထုတ်ပေးသည်။

အစစအရာရာပြည်စုံသော်လဲ  သက်ပိုင်လေး မျက်နာတွင် အပြုံးဆိုတာမတွေ့ရတော့ပေ။အိမ်ကြီးက လဲ  တိတ်ဆိတ်ကာ ခြောက်ကပ်နေလေတော့သည် ။

"ဓန သားကြီးရယ် ကြီးမေ သတိရလိုက်တာ ။ သားငယ်လေးကလဲ  မင်းကိုသိပ်သတိရနေရှာတာမို့ပြန်လာခဲ့ပါလားသားရယ်"

မဆွေမျက်ရည်များသုတ်ရင်းသားတို့မိသားစုဓာတ်ပုံလေးအားကြည့်ကာစကားတွေပြောနေမိတော့သည်။
ရင်ထဲကစကားတွေကိုတော့ သားလေး ဓန ကြားလျှင်တောင်ပြန်လာမည်မထင်တော့ပါ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now