အပိုင်း {၁} U+Z

6.8K 241 0
                                    

မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်​သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။အဖြစ်အပျက်များ မတိုင်ခင် ။

..............
လေးကျွန်းဆီမီးစေတီတော်တွင် ဘုရားဖူးပြီးသည်မို့ စေတီတော်အား အောင်မြေ နင်း၍ပတ်နေသည် ။လက်အုပ်ကလေးချီကာ စေတီတော်၏ ထီးတော်ကိုကြည့်ရင်း မိမိလိုရာဆုကိုသာစိတ်ထဲမှတ်၍တောင်းနေမိသည် ။ထိုသူမှာ"သံလွင်ဦး"ဟုအမည်ရှိသည့်မိန်းကလေးပင် ။

စေတီ၏ ရင်ပြင်တော်ပတ်ပတ်လည်တွင် ကြွေပြားများပူလျှင် မလျှောက်နိုင်မည်စိုး၍ မြက်ခင်းနုနုကလေးများကို စေတီတစ်ပတ်စိုက်ပျိုးပေးထားသည်။

တိုက်ခိုက်နေသော လေများကြောင့် ကျောလယ်လောက်ရှိသည့် ချော့ကလက်ရောင်ဆံပင်လေးများဟာ သူမ၏ပုခုံးသားထက်ဝယ် တလွင့်လွင့်နှင့်ပင် ။
ထိုစဥ် ။

*ဘုတ်!*

"အမလေး ပလုတ်တုတ်!"

"အို.."

ကျွန်မ စိတ်လွင့်နေသည်မို့ မိုးမမြင်လေမမြင်ပင် လူတစ်ယောက်ကို ဝင်တိုက်မိချေပြီ ။

ယိုင်နဲ့သွားသော ထိုအမျိုးသမီးခန္ဓာကိုယ်ကြောင့် တံတောင်ဆင့်လေးကိုကိုင်၍ ဆွဲထိန်းပေးလိုက်ရသည်။

"ဟို..ကျွန်မတောင်းပန်ပါတယ်နော်..ကျွန်မ မမြင်လိုက်မိလို့ပါရှင်..။ဘယ်နားထိသွားသေးလဲဟင်.."

"ရပါတယ်ကွယ်..။တို့လည်းမမြင်လိုက်မိလို့ပါကွယ်.."

လေသံချိုချိုလေးဖြင့် ဆိုလိုက်သောအမျိုးသမီး ။ထိုအမျိုးသမီးနေရာမှာ တစ်ယောက်ယောက်သာဆိုလျှင် သေချာပေါက် ကျွန်မကိုရန်တွေ့ပေဦးမည် ။

"ဟုတ်ကဲ့ပါရှင်..။သေချာရဲ့လား.။ကျွန်မ တကယ်အားနာမိလို့ပါ..။"

ထိုအမျိုးသမီးဟာ လက်ဖြင့်ဟန့်တားဟန်ပြု၍ ။

"ရပါတယ်ကွယ်..။တို့တကယ်ဘာမှမဖြစ်တာ.....။တို့ကိုခွင့်ပြုပါဦးနော်"

ဆိုကာ ကျွန်မ၏ဘေးမှဖြတ်လျှောက်သွားလေသည် ။ရေမွှေးအနံ့လား ။ထိုအမျိုးသမီး၏ ခေါင်းလျှော်ရည်အနံ့ပေလား ။မခွဲတတ် ။သို့ပေမယ့် ဆွဲဆောင်မှုပြည့်ပြည့်ဝဝရှိသည့်ရနံ့ပင် ။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now