အပိုင်း {၃၃}

2.5K 185 32
                                    

အရင်ခေတ်က တစ်ချို့သော ဂုဏ်ရှင်တို့ဟာ အဆင့်အတန်းသိပ့်ခွဲခြားသည်မဟုတ်လား။ထိုအထဲတွင် သံလွင်တို့၏ အဖိုးလည်းပါခဲ့သည်တဲ့။

"ဒါဆိုဖိုးဖိုးကြီးနဲ့အဖွားဖွားကြီးဆုံးတော့ရော အရီးလှက အသက်၂၇ဝန်းကျင်ဆိုတော့ ယူလို့ရသေးတာပဲ့ကို"

"မောင်ငယ်ကသိပ့်စိတ်သွားတယ်ထင်ပါ့။အမှန်လည်းစိတ်နာချင်စရာလေ။ မင်းတို့ အဖိုးကသိပ့်စိတ်ကြီးတာပဲ့ ရက်စက်ပစ်လိုက်တာမှ မောင်ငယ့်ဘဝကိုပြာစင်စင်ဖြစ်အောင်ပဲ့"

"အရီးလှရော မချစ်တော့လည်းမဟုတ်ဘဲ ။ဘာလို့အနေကျဲသွားတာတုန်း ခေမာသာဆိုရင်လေ လက်လွှတ်ခံမှာမဟုတ်ဘူး။ကိုယ်ချစ်တဲ့သူကို ချစ်ခွင့်ရသွားတဲ့အချိန်က ဘယ်လောက်တောင်ကောင်းလိုက်လဲ။"

"ညဥ်းတို့မသိပါဘူးအေ။ငါလည်းငါ့နည်းတူပင်ပန်းရတယ်။သူလည်းသူ့နည်းတူလောင်မြိုက်ရတယ်။သူ့ဖက်ကလာခေါ်ရင် အဆုံးထိလိုက်ဖို့တွေးထားတယ်။မပေါ်လာခဲ့ဘူး ။ထွက်သွားတယ်တဲ့လေ။ဘယ်ဆီ၊ယ်အရပ်တောင်မသိရဘူး။မင်းအစ်ကို ချစ်ညို၃နှစ်သားလေးမှာ သူပြန်ပေါ်လာခဲ့တယ်။အရီးလှဆီတော့ ဘယ်ဟုတ်မလည်းလေ။တစ်ရွာတစ်ပါးရဲ့ ပြောမှုကြောင့်သာ မောင်ငယ် သိမ်မုရွာဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်နေတယ်တဲ့လေ။အရီးလှအဖေရဲ့မတရားမှုကို မျက်နှာတွေလည်းမပြဝံ့ဘူး။"

အရီးလှဟာ ထိုအကြောင်းတွေကို သဘာဝထက်မလွန် ခန့်ဆွေးဆွေးလေးလည်းမဟုတ် ပြောပြသည်။
ဝေးရတဲ့ခံစားချက်က မကောင်း။စိတ်ထဲမတင်မကျ။သံလွင် နွံ့ကိုလွမ်းသည်။သည်အချိန်မျိုးဆို နွံ့နှင့်သီချင်းအတူ နားထောင်မည်မဟုတ်လား။ခုတော့ဖြင့်။အို လွမ်းရချည်ရဲ့နွံရယ်။ရှင်လည်း မပေါ်လာခဲ့ရင်။အကယ်၍ရှင်ထပ်ပြီးမပေါ်လာခဲ့ရင်...။

ခြံဝန်းထဲသို့ဆိုင်ကယ်တစ်စီးဝင်လာသည်။ချစ်ညို၏ဆိုင်ကယ်သာဖြစ်သည်။

"ချစ်ညို ..မင်းဘယ်ကပြန်လာတာတုန်း"

အရီးလှ၏ လှမ်းအော်မေးမြန်းသံ။

ကိုကြီးချစ်ညိုမှာ ဆိုင်ကယ်ဦးထုပ်ကိုချွတ်၍ သံလွင်တို့ရှိရာ ကွပ်ပျစ်ကိုလျှောက်လာသည်။အရီးလှ၏ အမေးကိုလည်း မတုန့်ပြန်သေးပေ။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now