အပိုင်း {၂၀}

1.7K 148 2
                                    

"ကိုကြီးချစ်ညို ဖြည်းဖြည်းမောင်းပါလားဗျာ..။ဒီမှာသားတို့တွေ ပြုတ်ကျတော့မလို့ဗျာ.."

တဒုန့်ဒုန့်အသံမြည်နေသော ထော်လာဂျီကို  အရှိန်တင်မောင်းနှင်နေသောကြောင့် ကလေးများပြောချေပြီ။

"အေးပါကွာ..။ငါကအပိုင်..အယ်.. ဒေါက်တာလေးနေပူပူထဲစောင့်နေရမှာစိုးလို့ပါကွ..။အားနာမှုရှိရတယ်"

ရင်ထဲမှာလွမ်းဆွတ်ခြင်းကိုတော့ မပြောထုတ်ခဲ့။ညနေပိုင်းမှ လာကြိုပါလို့မှာခဲ့သော်လည်း ၂နာရီကတည်းက သွားစောင့်မည်။မဟုတ်လျှင် မျှော်ဆွေးနေရဦးမည်လေ။ကျုပ်ထို စိတ်ခံစားချက်ကြီးကို မကြိုက်တတ်။

နွေဦးရောက်မည်ဖြစ်၍ ဖုန်တလူလူမြေနီလမ်းလေးဟာ ချစ်ညို၏ထော်လာဂျီကြောင့် အပျက်ပျက်ကွဲကွဲ။လမ်းသွားသည့်လူများကိုတော့ ချစ်ညိုဖြင့် သိပ့်အားနာတာပဲ့။

"ကဲ..ရောက်ပြီဆင်းကြတော့။ဒီအပင်အောက်မှာစောင့်ကြမယ်"

မျောက်သဖွယ် ခုန်ပေါက်ဆင်းလေ၏
၄တန်းမျှသာရှိသော ကလေးတို့၏သဘာဝအရ အငြိမ်မနေဆော့ကြသည်။ချစ်ညိုကတော့ ခပ်ဝဝသစ်ပင်ကြီး၏ အမြစ်ပေါ်တွင်ထိုင်၍ ဖြတ်သွားရာ ယဥ်များကို ငေးမိ၏။အကြင်သူ၏ကားသည် ယခုထိမဆိုက်ရောက်သေးပေ။

နာရီဝက်လောက်ကြာတော့ လမ်းနံဘေးတွင်ဆိုက်ရောက်လာသော ခရီးသည်တင်မော်တော်ယဥ်တစ်စီး။

"အပိုင်.."

စိတ်မှရေရွတ်မိခြင်းသည် နှုတ်၌ထွက်သွားလေ၏ ။အပိုင့်ကိုတော့မမြင်ရသေးပေ။နောက်ဆက်ကားတံခါးကြီးပွင့်၍ ကောင်လေးတစ်​ယောက်ဆင်းလာသည်။ပြီးမှ ကျုပ့်အပိုင်ကဆင်းလာလေရဲ့။

"အပိုင်.."

သစ်ပိုင်ဆီသို့သွားလေသည်။စောနကကောင်လေးမှာ အထုပ်တွေချပေးနေလေရဲ့။

"အပိုင်... "

"ဗျာ့"

"ကျုပ်ဖြင်သိပ့်လွမ်းနေတာဗျာ"

"အို လူရှိနေသေးတယ်။စကားဆင်ခြင်တောသားကြီး"

အပိုင်ဟာ မထူမပါးမျက်ခုံးလေးကို တွန့်ချိုးပြ၍ ထိုစကားကိုဆိုလိုက်သည်။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now