အပိုင်း {၁၄}

2.1K 178 22
                                    

သွယ်ယှက်လာသော ချစ်ကြိုးလေးဟာ အရစ်ရစ်အခွေခွေပင် ။အချိန်တွေပိုလာလေလေ ချစ်ခြင်းတို့ဟာ ပို၍ပင်နက်ရှိုင်းလာလေလေ ။ခေမာနှင့်ဟေမာမှာ သံလွင်နှင့်နွံ ချစ်သူဖြစ်သွားသည်ကို ဂုဏ်ယူအံဩနေကြ၏ ။

"သံလွင်..။"

"ရှင်..။"

"မျက်နှာလေးသိပ့်မလန်းသလိုပဲ့လားနော်..။နေမကောင်ဘူးမလား..။မှန်းစမ်း..။"

ဆိုကာ သံလွင့်လည်ပင်းကို ကိုင်းယူကာ ခြေဖျားထောက်၍ နွံ့ပါးနှင့်သံလွင့် နံဖူးကိုထိကပ်၍စမ်းစေသည် ။

"အို..နွံရယ်။လက်ဖျားနဲ့စမ်းလည်းရသားနဲ့ကို...လမ်းမှာတခြားလူတွေမြင်ကုန်မှဖြင့်..။"

"ကိုယ့်ချစ်သူကို ဘာနဲ့စမ်းစမ်းပေါ့ရှင်ရယ်...။ဒီနည်းကပိုတိကျတဲ့ဥစ္စာ နွံကဆရာဝန်ပါ သိတယ်ဟုတ်..။"

နွံဟာ အဲ့သည်လိုရဲတင်းတတ်လာသည် ။နှုတ်ရဲသလို၊လက်လည်းရဲသည် ။ပြန်ပြန်ပြောတတ်သည့် သံလွင်ဟာ နွံ့အပြုအမူတွင်ပြားပြားဝံ့လို့ ။

"ကိုယ်က ခပ်နွေးနွေးဖြစ်နေတယ်..။အိမ်ပြန်နားလိုက်ပါလား...။နွံလိုက်ပို့ပေးမယ်လေ...။မင်းသိပါတယ် နွံစိတ်ပူရ​ချည်ရဲ့..။"

"မရဘူးလေ...။ဒီနေ့ကျောင်းသားတွေ စာမေးပွဲအနောက်ဆုံးနေ့ဖြစ်တယ်...။ဒီနေ့ပြီးရင် သံလွင်ကောင်းကောင်းနားပါ့မယ်...။ပူဗျာပါတပွေမနေပါနဲ့ နွံရယ်..။"

"မဖြစ်မနေဆိုလည်း နွံခွင့်ပြုမယ်...။ဘယ်အချိန်းကျောင်းဆင်းမှာလည်း သံလွင်..။"

"သံလွင်တို့က အမှတ်မခြစ်ရဘူးဆိုတော့ ၁၁နာရီလောက်ဆိုပြန်လို့ရပြီ နွံ..။"

"ဟုတ်ပြီလေ..။ဒီအချိန်အခန်းထဲစောင့်နေ သံလွင်..။နွံလာခေါ်လှည့်မယ်..။"

"နွံ့ ဆေးခန်းကိုရော..။"

"သစ်ပိုင်ကိုအပ်ခဲ့မယ်လေ....။နွံ့မိန်းကလေးတစ်ယောက်လုံး မကျန်းမာဖြစ်နေတာ နွံမနေသာဘူး..။လာကြိုလှည့်မယ်..စောင့်နေကွယ်..။"

"နွံ့သဘောကျပါရှင့်..."

"အဲ့ဆိုဝင်တော့နော်...။အာ.. ခဏလေးသံလွင်..။"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Wo Geschichten leben. Entdecke jetzt