အပိုင်း {၂၈}

1.6K 148 21
                                    

မြေနီလမ်းထက်တွင် ယှဥ်လျက် လျှောက်လှမ်းနေသော မိန်းမသားနှစ်ဦး..။မည်သည့်ရှုတောင့်မှ ကြည့်ကြည့် ထိုအမျိုးသမီးနှစ်ဦးရွေ့လျားနေပုံမှာ မြင်နေဖို့ကောင်းသည်။

"လမ်းလျှောက်ရတာအဆင်ပြေရဲ့လားဟင်...။နွံ့မေတ္တာခဲလေးရဲ့ အနာဆာကို နွံပဲ့နှစ်ဆခံယူပစ်လိုက်ချင်တယ်..။နွံလေ ဒီဧည့်သည်ကိုမုန်းရက်လိုက်တာ"

"ကျွန်မအဆင်ပြေပါတယ်နွံရဲ့...။အစောပိုင်းဖြစ်ကတည်းက ကျွန်မရဲ့ဒေါက်တာကြီးက ပြုစုယုယနေတော့နာကျင်ရကောင်းမှန်းတောင် မသိမိတော့ဘူး"

အကြောင်းမှာ သံလွင်၌မိန်းမသားတို့၏သဘာအရ ဓမ္မတာပေါ်ခြင်းသာ။ထိုအချင်းအရာကို နွံဟာဧည့်သည်ဟုသုံးပစ်သည်။အမှန်ပင် ရက်မမှန်သည့် သံလွင့်အဖို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသော ဧည့်သည်ပင်တည်း။

"နွံ အခုတလောဆေးခန်းလာပြတဲ့သူတွေထဲမှာ အသက်ကြီးပိုင်းတွေပိုများနေသလိုပဲ့နော်..။ပြီးတော့ ရောဂါလက္ခဏာတွေလည်း တူနေကြတယ်"

"အင်း ဒါတော့ဟုတ်တယ်။နွေလည်းရောက်ပြီဆိုတော့ အပူရှိန်ကြောင့် အသက်ကြီးပိုင်းတွေ အပူရှပ်တာတို့၊ခေါင်းမူးခေါင်းကိုက်ဖြစ်ကြတယ်လေ။လယ်ထဲယာထဲ ဆင်းကြတဲ့သူတွေဆိုတော့ အဲ့လိုရောဂါမျိုး မလွှဲမသွေခံစားရပါတယ်"

နွေဦးလေရူး၏ ဆော်သွေးမှုအားကောင်းသောကြောင့် ဘေးပတ်လည် အရိပ့်အာဝါသအပင်များရှိ သစ်ရွက်ဖျားလေးများလှုပ်ခတ်နေသည် ။နီညိုရောင် မြေနီလမ်းလေးဟာ ချစ်ရသူအမျိုးသမီး၏ လက်ကိုစွဲကိုင်၍ လျှောက်ရမှပိုပြည့်စုံနေသည်။အိမ်ပြန်ချိန်မြေနီလမ်းလေးထက် စကားတပြောပြောနှင့်ပင်။

ချိတ်ဆက်ထားသော လက်သွယ်သွယ်လေးနှစ်ခုဟာ သိပ့်ကိုမှမြဲမြံလှသည်။

"ကျွန်မတွေးမိတယ်။ကျွန်မတို့အသက်ကြီးလာရင် နွံလည်းမနာမကျန်းဖြစ်ခဲ့ရင် သန်သန်မာမာနဲ့ကျွန်မ မပြုစုနိုင်တော့တယ်...။ဒီလို အချိန်"

"ကွယ်....။အစွန်းကိုမတွေးပါနဲ့လား နော်..။နွံတို့ကအခုမှ စဆက်နေရတာလေ။အစွန်းတွေက ကိုယ်တွေးထားသလိုအဖြစ်နည်းတယ်။ဒီစက္ကန့်ပြီးနောက်စက္ကန့်ဘာဖြစ်မလဲ ကိုပဲ့တွေးပါလား..."

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now