အပိုင်း{၂၁}

1.8K 146 20
                                    

"ဒီနေ့တော့ ထမင်းဝိုင်းက လူစုံပြီပေါ့ကွယ်"

အရီးလှ၏ စကားသံ ။
သံလွင် ကြက်သားဟင်းတစ်တုံးကို အရီးလှပန်းကန်ထဲသို့အရင်ဦးချလိုက်သည်။

"အေးအေးကွယ် စားကြတော့"

ထမင်းကိုမြိန်မြိန်ရှိန်ရှိန်စားကြသည်။သံလွင် ကြက်သားတစ်တုံးကို နွံ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"နွံများများစားနော် "

သံလွင်အသံတိုးတိုးလေးဖြင့် အနားကပ်၍ဆိုလိုက်သည်။နွံဟာ ပြုံး၍ခေါင်းငြိမ့်ပြလိုက်သည်။
ပြီးနောက် သံလွင်ထမင်းကိုသာ ပြန်စားနေလိုက်သည်။ထိုစဥ် ။

"နွံ့ပဲ့ထည့်ပေးနေတာ မင်းပန်းကန်ထဲမှာကျ အရိုးတုံးနဲ့လေ"

ထိုသို့ဆိုလိုက်၍ သံလွင့်ပန်းကန်ထဲသို့ ကြက်သားဖျင်ပြီးသား အသားများကို လာထည့်သည့်နွံ။

နွံ၏အလိုက်သိမှုက သံလွင့်ကိုပြုံးမိစေတယ်။သံလွင်ပြုံးသွားသည်ကို သူအတော်ကျေနပ်သွားဟန်။ထမင်းဝိုင်းတွင် ရှိနေသောဘေးလူများကိုပင် မေ့လျော့သည့်အထိပင်။ထိုဂရုစိုက်မှုသေးသေးလေးဟာလည်း ကြည်နူးစရာလေးဖြစ်သည် ။

ထမင်းစားပြီးစီး၍ ကွပ်ပျစ်တွင်ထိုင်နေကြသည်။ရေနွေးကြမ်းလေးသောက်ကာ စကားများဖောင်ဖွဲ့နေကြ၏ ။

"အော်..အရီးလှကို ကျွန်တော်ပေးစရာရှိတယ်။"

"ဟေ ဒေါက်တာလေးဘာများတုန်းကွယ့်"

"ဟုတ်ကဲ့ ကျွန်တော်သွားယူလိုက်ပါဦးမယ်"

သစ်ပိုင်ကွပ်ပျစ်မှထရန် ဟန်ပြင်ချိန် ချစ်ညိုလက်ဖြင့်ဟန့်တား၍ ။

"ဒေါက်တာလေး နေပါဗျာ။ကျုပ်သွားယူလိုက်ပါ့မယ်။အထုပ်အမဲလေးပဲ့မလား..။"

"ဟုတ်ကဲ့ ​အထုပ်အမဲလေးပါ"

ချစ်ညိုကွပ်ပျစ်ထက်မှ ဆင်းသွားလေသည်။အိမ်ထဲသို့ဝင်သွား၍ တအောင့်ကြာပြန်ထွက်လာသည်။

"ရော့ ဒေါက်တာလေး"

"ကျေးဇူးပါ ကိုချစ်ညို"

အထုပ်ကို ဇစ်ဖွင့်ကာ ပစ္စည်းတစ်ခုကို ယူထုတ်လိုက်သည်။

"ဘရမ်းငှက်သိုက်ပါ အရီးလှ ။လူကြီးတွေအတွက် အဆင်ပြေမယ့်အရာမို့ ကျွန်တော်ဝယ်လာလိုက်ပါတယ်"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now