အပိုင်း {၅}

2.2K 172 4
                                    

လျှပ်စစ်မီးသီးတစ်လုံးသာ လင်းနေသော ထမင်းစားအခန်း ။မိသားစုသုံးစားပွဲအဝိုင်းကြီးပေါ်တွင် အစီအရီချထားသော ဟင်းခွက်များဟာ ဖွယ်ဖွယ်ရာရာပင် ။ထမင်းစား စားပွဲမှာ ပြောင်လက်နေသော သစ်သားကြမ်းခင်းတွင်ချထားသည်မို့ ကြမ်းပြင်တွင်ထိုင်ကာ စားကြသည်။

"ဒေါက်တာတို့ထည့်စားကြနော်..."

ထမင်းတမြုံမြုံဝါးနေသော အရီးလှမှ လှမ်းပြောလိုက်သည် ။

"ဟင်းတွေကစုံနေတာပဲ့ရှင် "

အမှန်ပင် ဟင်းတွေဟာစုံသည်။ကြက်သားနှင့်ဘူသီး ကာလသားဟင်း ၊ကန်စွန်းရွက်ကြော် ၊ငပိချက်၊ပုဇွန်ကြော် ၊ဘူးသီးနှင့်မြင်းခွာရွက်ကို ငရုတ်ကောင်းဟင်းချို ပုံစံချက်ထားသည်။ အတို့အနယ်များလည်းစုံလှသည်။
တခြားနွံပြောမတတ်သော ဟင်းနှစ်မျိုးလည်းပါသေးသည်။

"ဒေါက်လေးက အစားနည်းတယ်နော်..... ။ပုဇွန်ထည့်စားကွယ်"

အရီးလှသည် ပုဇွန်ကြော်ကို သစ်ပိုင် ပန်းကန်ထဲသို့ထည့်ပေးသည်။

"ကျေးဇူးတင်ပါတယ် အရီးလှ.."

ထမင်းစားပြီး၍ သံလွင် ပန်းကန်များကိုဆေးရန် အိမ်အောက်ထပ် ထမင်းတည်အခန်းသို့ဆင်းရန်ပြင်လေသည် ။

"အို...နွံ ရှင်ဘာလုပ်တာလဲ.."

"ဆေးရမယ့် ပန်းကန်တွေသယ်တာလေ..."

စားပွဲထက်တင်ထားသော ပန်းကန်စီကိုလာသယ်လေသော နွံကြောင့် ကျွန်မ မေးလိုက်သည်။

"မဟုတ်တာ...ရှင်က ဧည့်သည်လေ.... ။ဒါတွေကို အိမ်ရှင်ဖြစ်တဲ့ ကျွန်မကလုပ်ရမှာပါ..။အဲ့ပန်းကန်တွေကို ပြန်ချပေးပါ...။"

ပန်းကန်များကိုလက်ဆန့်ယူသောကြောင့် နွံ၏ခါး တွင် ရှပ်ထားသော ပုဝါခရမ်းရောင်လေး ။

ကျွန်မကသာ ပြောနေတာ ပန်းကန်စီသည် နွံလက်ထဲသို့ရောက်ချေပြီ ။ပြန်မချသည့်အပြင် ။

"ဧည့်သည်ဆိုပြီး အခန့်သားနေရတာ တို့မှမကြိုက်တာကွယ်...။ပြီးတော့ တို့တွေက ရေရှည်ပတ်သက်ရတော့မယ့် သူတွေပဲ့ အားနာဖို့မလိုပါဘူး သံလွင်..။"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now