ရှင်းလောင်းလှည့် ပြီးစီး၍ အိမ်ပြန်ရောက်သော် ညနေပိုင်းပင်ရောက်ချေပြီ။
ပင်ပန်းထားသမျှ နွံ့ပေါင်ပေါ်တွင် ခေတ္တခဏ ခေါင်းအုံး၍နေလေသည်။နွံကတော့ ကုတင်ခေါင်းရင်းကျောမှီကာ သံလွင့်မျက်နှာနုနုကို ငေးမောနေလေ၏ ။
"အိပ့်ချင်အိပ့်လိုက်လေနော် နွံ့မေတ္တာခဲလေး ပင်ပန်းထားတယ်မလား.."
နွံဟာ သံလွင့် နားထင်မွှေးများကို နားရွက်နောက်သို့ပို့၍ ဆိုလိုက်သည်။
"နွံလည်းဘာထူးလို့လဲ..။အမှန်တွေးကြည့် နွံကပိုပင်ပန်းခဲ့မှာလေ။"
"နွံ့မေတ္တာခဲလေးကို အရိပ့်တကြည့်ကြည့်လုပ်နေရတာကိုက ပျော်နေတာ..။နွံမပင်ပန်းပါဘူး ။ပင်ပန်းလည်း ဘာဖြစ်သလဲကွယ်.. မင်းအနမ်းလေးနဲ့ ဖြေဖျောက်လိုက်မယ်..။ဘယ့်နှယ် ဟုတ်"
"စကားတတ်လိုက်တာရှင်....။ကျွန်မစိတ်ထဲ ကလိကလိ ဖြစ်သွားတယ်"
"အော် ဒါနဲ့ ဓာတ်ပုံကြည့်ဦးမလား...။"
"ဟုတ်သားပဲ့ ကျွန်မလည်း သေသေချာချာပြန်ကြည့်ချင်နေတာ..။"
အိမ်ပြန်ရောက်ချိန် လာပို့ပေးသော ဟေမာနှင့်ခေမာရိုက်ထားပေးသည့်နှစ်ယောက်တွဲဓာတ်ပုံလေးပင် ။ဒါတောင် နွံအတော်လေးရှက်နေသည်မို့ အခေါက်ခေါက်အခါအခါပြန်ရိုက်ရသေးသည်။ထိုအပုံများမှာနွံ့ဖုန်းထဲတွင်သာရှိသည်။
နွံ့ပေါင်ပေါင်တွင် အိပ့်သည်ကိုထ၍ နွံ့နည်းတူကုတင်ခေါင်းရင်းမှီလိုက်သည်။
"နွံ့ဖုန်းယူရဦးမယ်လေ..။"
"ဟုတ်သားပဲ့..။နွံဘယ်နားမှာထားလိုက်လဲ"
"ဟိုစားပွဲထက်မှာ "
"ကျွန်မသွားယူလိုက်မယ်"
နွံလက်ညိုးညွှန်ရာ စားပွဲဆီကိုသွား၍ တင်ထားသော ဖုန်းလေးကိုယူလိုက်သည်။ထိုနောက် ကုတင်ပေါ်ပြန်တက်လာကာ ကုတင်ခေါင်းရင်းကိုမှီလိုက်သည်။ထိုအခါတွင် နွံမှာ သံလွင့်ရင်ခွင်ထဲသို့ အလိုက်သင့်လေးလျောဝင်လာသည်။
"နေမယ်နော်..။အဆင်ပြေတယ်မလား ။အဆင်မပြေလည်း နွံကတော့တိုးဝှေ့မှာပဲ့.."
YOU ARE READING
လေးကျွန်းဆီမီးမှအစတည်သည် {ေလးကြၽန္းဆီမီးမွအစတည္သည္}{Complete }
Actionမကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z .............. မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံ...