အပိုင်း {၁၉}

1.8K 150 16
                                    

 နံနက်ခင်းလေး ပြတင်းပေါက်တံခါးမှ အတင်းတိုး၍ဝင်ရောက်နေသော နေရောင်ခြည် ဝါဝါလေး ​တွေ ​။ငှက်သံသဲ့သဲ့လေးကြားမိတော့ နွံနိုးလာသည်။

ရင်းနှီးနေသော ချစ်သော၏ကိုယ်သင်းရနံံလေး။မျက်လုံးဖွင့်မိရာ မျက်စိအရှေ့ရှိ ညှပ်ရိုးထင်းထင်းလေးနှင့် လည်တိုင်ကျော့ကျော့လေး။နွံမေတ္တာခဲလေး၏ ပိုင်ဆိုင်မှုလေးပေါ့။

နွံ ကိုယ်အနောက်ရွေ့ကာ သံလွင့်မျက်နှာကို ထိတွေ့ကြည့်နေမိသည်။
ကိုယ်ချစ်ရတဲ့၏မျက်နှာကြည်ကြည်လေးကိုမြင်ထိနေရတာ ကြည်နူးစရာပင် ။

"နွံ့မေတ္တာခဲလေးက ချစ်စရာလေး"

အပြစ်ကင်းစင်တဲ့မျက်နှာကြည်ကြည်လေးကို တစိမ့်စိမ့်ကြည့်မိလေလေ ချစ်ခြင်းများနှင့်အတူ စိုးရိမ်စိတ်ကလေးလည်း တိုးဝင်လာမိသည်။

"နွံ ခက်နေရပြီကွယ်...။"

သံလွင့်မျက်နှာနုနုလေးကို ထိတို့ကြည့်မိသည်။မျက်ခမ်းတလှုပ်လှုပ်ဖြစ်လာသည်။မျက်ခုံးနှစ်ဖက်တွန့်ချိုးကာ မျက်လုံးလေ ပွင့်လာသည်။

"နွံ.."

"နွံ ကြားရှိနေပါတယ်ကွယ်"

"နိုးနေတာကြာပြီလား...။ဒါဖြင့်လည်း ဘာလို့ကျွန်မကိုမနိုးလိုက်ရတာလဲ..။"

"နွံ့မေတ္တာခဲလေးကို မနိုးရက်ပါဘူး။တစ်နေ့လုံးပင်ပန်းထားတဲ့ဥစ္စာ ဘယ်နိုးရက်ပါ့မလဲလေ နော်..။"

နွံ့စကားကြောင့် သံလွင်ပြုံးမိသည်။နွံ၏နားထင်အနားရှိ ဆံပင်လေးကို နားအနောက်သို့ ပို့ပေးလိုက်မိသည်။

"အစောကြီး စကားတွေချိုနေလိုက်တာ..။"

"ဒါနဲ့လေ နွံအိပ့်ယာနိုးတုန်းက ငှက်အသံလေးတွေကြားနေရတယ်သိလား...။မဟုတ်မှလွှဲရော အုန်းခွံခြောက်ငှက်အိမ်ထဲ ငှက်တွေအသိုက်လာတည်နေပြီထင်တယ်...။"

"ဟုတ်လား...။ထပြီးမကြည့်လိုက်ဘဲနဲ့"

"အို...နွံက တစ်ယောက်ထဲထမကြည့်နိုင်ပါဘူး...။နွံ့မေတ္တာခဲလေးနဲ့အတူကြည့်မှာပေါ့ သိတယ်မလား...။"

"ဟုတ်ပါပြီ..။အဲ့ဆိုလည်း ထ အခုအတူသွားကြည့်ရအောင်"

ကုတင်ပေါ်မှအတူဆင်းလိုက်သည်။နွံဟာလောနေသည့်ဟန်။သံလွင်ကတော့ ခြင်ထောင်ကိုအပေါ်လှန်တင်ကာ စောင်ထူထူကြီးကို ခေါက်နေလိုက်သည်။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now