အပိုင်း{၂၉}

1.6K 155 39
                                    

"နေခဲ့ပါဆိုကွယ်..။နွံ့စကားကိုနားမထောင်ချင်ဘူးလားဟင်..။မင်းနားထောင်လိုက်ရင် နွံပျော်မှာနော်"

"ကျွန်မလိုက်ခဲ့ချင်တယ်။"

နွံ အဝတ်တန်းလေးတွင် ချိတ်ထားသော ဂျူတီကုတ်အဖြူလေးကို ယူလိုက်သည်။ဘေးတွင် ဆေးခန်းလိုက်ရန် ပူညံပူညံလုပ်နေသော နွံ့အမျိုးသမီး။သူလေးအဆင်မပြေတာကို နွံဟာအလိုလိုက်၍ ခေါ်မည်တဲ့လား။

"နွံ့လို့.."

"ကျွန်မ မနေခဲ့ချင်ဘူးကြောက်လို့"

"ဘယ်လိုတော်"

"အိမ်မှာ နွံ့တီတီကြီးလည်း ရှိမှာမလား။အခုတောင် သူစျေးကပြန်လာတော့မှာ"

"အဲ့တာနဲ့ဘယ်လိုများဆိုင်လို့တုန်းကွဲ့"

"နွံ့တီတီကြီးက လူကြီးသိပ့်ဆန်ပြီး အကဲခတ်နေသလိုပဲ့။ကျွန်မ အခုလိုအတူကျန်ရစ်မှာကြောက်တယ်"

လူကြီးကိုကြောက်နေရှာသည်။ ဒီနေ့နေ့လည်စာနှင့်ညစာကို တီတီကြီးကိုယ်တိုင်ချက်မည်ဆိုသောကြောင့် ချစ်ညိုအကူအညီဖြင့် စျေးသွားဝယ်သည်။

သူမလေးအမှန်ပင်ကြောက်နေရှာသည်။သည်အတိုင်းလူကို ကြောက်မိနေခြင်းသာ။ဘေးချထားသော လက်နှစ်အား နွံညင်သာစွာဆွဲယူကာ လက်ဖဝါးလေးနှစ်ဖက်ကို တယုတယဆုပ်ကိုင်မိသည်။

"မကြောက်ပါနဲ့ကွယ်..။တီတီကြီးကမနက်ဖြန်အစောပြန်မှာပဲ့လေ။ပြီးတော့ တီတီကြီးတစ်ယောက်ထဲဟင်းချက်မှာဆိုတော့ အိမ်မှာတစ်ယောက်ထဲအဆင်မပြေဘူးလေ.. ။နွံ့မေတ္တာခဲလေးက အိမ်ရှင်ပဲ့ ပစ္စည်းတွေ ဘယ်နေရာရှိသလဲသေချာပြောပြရမယ်လေ ဟုတ်တယ်မလား"

နွံထိုသို့ပြောမှ သဘောပေါက်သွားဟန်။ပြုံးပြ၍

"ကျွန်မကျန်ခဲ့ပါ့မယ် ။မွန်းတည့်တော့ ထမင်းပြန်စားမှာလား။ဒါမှမဟုတ် ကျွန်မလာပို့ပေးရမလား နွံ။လူကြုံတော့ မပို့နိုင်ဘူးနော် ။ကျွန်မရှင့်မျက်နှာလေးကို မြင်လိုက်ချင်သေးလို့လေ"

"နွံ ထမင်းပြန်လာစားမယ်လေ။မျက်ရစ်မပါတဲ့ နွံ့မေတ္တာခဲလေးကို ပြန်လာကြည့်ရှုဦးမှာ..။အခုတောင်တွေ့နေရရက်နဲ့ လွမ်းချင်နေသလိုပဲ့ကွယ်..။လွမ်းတယ်ဆိုတာက ခက်လိုက်တာနော်..။အဲ့ခံစားချက်ကို ခွဲစိတ်ပြီး ဖြုတ်ထုတ်ပစ်လိုက်ချင်တော့တယ်။စိတ်ထဲအလိုကျမနေဘူးတော်...."

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Kde žijí příběhy. Začni objevovat