အပိုင်း {၁၈}

1.9K 159 9
                                    

"နွံ..."

"နွံ ကြားနေပါရက်နဲ့ကွယ်"

"ကျွန်မဒီဆေးကတ်တွေကို ဘယ်မှာထားလိုက်ရမလဲ"

"ဒါတွေလား..။အရှေ့က ဗီဒိုထဲမှထည့်ရမှာ သံလွင်"

သံလွင် ဆေးကတ်များကိုကိုင်၍ အခန်းထဲမှထွက်ကာ ဆေးပေးကောင်တာ ဗီဒိုထဲသို့ထည့်နေလိုက်သည်။သည်နေ့ နွံနှင့်သံလွင်သာရှိသည်။ဒေါက်တာသစ်ပိုင်မှာ အဝတ်စားအချို့နှင့် အသုံးဆောင်ပစ္စည်းများဝယ်ရန် မြို့ကိုတက်မည်ဖြစ်သောကြောင့် ဆေးခန်းမလာပေ။

ဆေးကတ်များကို သေချာထား၍ ဆေးကုအခန်းထဲသို့ပြန်ဝင်လာလိုက်သည်။

"နွံ့မေတ္တာခဲလေး နားပါဦးလား..။ရောက်တည်းက လုပ်နေတာ။သူ့အလုပ်ကိုကျသူမလုပ်ဘူး"

"ကျွန်မအလုပ်..။ဘာများလဲ နွံ"

"မသိဘူးလား... "

"ကျွန်မမှာ ကျောင်းဆရာမအလုပ်ပဲ့ရှိတာလေ"

မတ်တပ်ရပ်နေသည့် နွံဟာ စားပွဲကိုအမှီပြု၍ လက်ပိုက်လိုက်သည်။

"ဒီမယ်လေ...ရှင်လေး နွံ့ကိုမနက်လင်းကတည်းက အနမ်းတစ်ဖွကလေးတောင်မပြုသေးဘူး...။တမင်မေ့တတ်နေသလား ​ပြော။ဒါကကြီးလေးတဲ့တာဝန်လည်းမဟုတ်ဘူးနော်...။"

မျက်ခုံးပင့်၍ ရုပ်တည်နဲ့ပြောလိုက်သည့်နွံ့ဟန်ပန်။နှုတ်ခမ်းလေးဟာ မစူသယောင်လေးပင်။စိတ်ဆိုးနေသလား သံလွင့်ဒေါက်တာကြီးရယ်...။"

"နွံ.."

"ပြောလေ နွံနားထောင်နေတယ်"

သေချာပါပြီလေ။နွံစိတ်လှုပ်ချေပြီ။နွံ့အနားကိုလျှောက်သွားရာ နွံဟာတစ်ဖက်သို့မျက်နှာလှည့်၏ ။

"အို...ဘယ်လိုဖြစ်"

နွံပါးသို့ ရုတ်တရက်နမ်းလိုက်သောကြောင့် ထွက်ပေါ်လာသော နွံ့အသံ။

"ကျွန်မ အနမ်းကိုလိုချင်လို့ နွံ့ပဲ့ပူဆာနေတာမဟုတ်ဘူးလား...။"

"အလိုက်မှမသိပဲ့ ။ အဲ့တော့ ဒီကမကြီးမငယ်ကြီးက ထုတ်ပြောနေရပြီ။"

"စိတ်မလှုပ်ပါလေနဲ့နွံရယ်..။ကလေးကျနေတာပဲ့"

"ဒီမယ် နွံအသက်က"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now