အပိုင်း {၂၄}

2K 171 16
                                    

အိမ်ရောက်သော်လည်း စကားကောင်းကောင်းမပြောသော နွံ့မေတ္တာခဲလေး။စိတ်အလိုမကျမှန်းသိသာသည်။နွံ့ကိုနားလည်ဖို့ အတော်လိုအပ်မှန်းအသိ။တဇွတ်ထိုးလူကြီးဆန်ပစ်နေလေသည်။ယခုလည်း အိပ့်ယာဝင်ခြေလက်ဆေးနေသည်ကို နွံကုတင်ပေါ်တွင်ထိုင်စောင့်နေလိုက်သည်။

*သံလွင် နွံ့ကိုပြည့်ပြည့်ဝဝလေး နားလည်လာရင်ကောင်းမယ်။နွံတဖြည်းဖြည်းပဲ့ မင်းကိုပေးသိမယ်။တွေးတတ်သွားရင် အနှေးနှင့်အမြန်မင်းသိလာပါလိမ့်မယ်။အဲ့အချိန်သာ ရောက်ခဲ့ရင် မင်းဘယ်လိုများလုပ်လေမလဲ..။နွံကရော ဘယ်လိုတွေများရင်ဆိုင်ရမလဲကွယ်*

"နွံ.."

"ဟင်"

ညအိတ်ဝတ်ကာတွန်းစုံအင်္ကျီလေးဝတ်ကာ ကုတင်ပေါ်တွင်အငိုင်သားထိုင်နေသည့် နွံ့ကိုလှမ်းခေါ်လိုက်သည်။

"မအိပ့်သေးဘူးလား..။ကျွန်မခြင်ထောင် ထောင်ပေးမယ်"

ခြင်ထောင် ထောင်ရန်ကုတင်ဆီသို့ ဦးတည်လိုက်သည်။ ခြင်ထောင်ကို ဖြန့်ချမည်အပြုတွင် ။

"သံလွင်.."

ခေါ်သံနှင့်အတူ မြောက်လုဆဲဆဲဖြစ်နေသော သံလွင့်ညဖက်လက်ကို လာကိုင်သည့် နွံ။

"ကျွန်မ လုပ်လိုက်ပါ့မယ်"

"သံလွင်.."

"ပြောပါ နွံ"

"အရင်ဆုံးလှဲလိုက်ပါဦး ။နွံ့မေတ္တာခဲလေးကို ကြည့်ရတာ ချိနဲ့နေသလိုပဲ့ကွယ်..။နွံစမ်းသပ်ပေးပါရစေ။"

"နွံ.."

"​နွံကြားနေပါရက်နဲ့ကွယ်"

သံလွင် အသံပုံမှန်လေးဖြင့်ခေါ်လိုက်မိတယ်။အကြောင်းအရာတစ်ခုကိုမေးမြန်းချင်မိတယ်။နွံ့ကိုမယုံကြည်ဘူးလို့ အထင်မခံနိုင်ပါ။သံလွင်သဘောထားကြီးသူတစ်ယောက်ပါ။ဒါပေမယ့်လည်း စိတ်ကရှုပ်ထွေးလာသည်။

သံလွင့်ဟာ စကားမဆက်။နွံ့ကိုသာ စိုက်၍ကြည့်သည်။တစ်ခုခုကိုမေးမြန်ချင်ဟန်။သို့သော် နွံ့မျက်နှာအရိပ့်အကဲကို သေချာလေးဝေဖန်နေပုံရသည်။

"သံလွင်..။တစ်ခုခုပြောချင်လို့လား"

"ဟင့်အင်း..ကျွန်မခေါင်းကိုက်နေသလိုပဲ့နွံ"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now