အပိုင်း {၂၂}

1.8K 151 12
                                    

နံနက်ခင်းအချိန်အခါဝယ် ချစ်ရသူနှစ်ဦး၏ စကားသံလွင်လွင်ကလေးတို့​ဟာ ပျံနှံ့နေလေသည်။
ဒီနေ့တော့ ရှင်ပြုပွဲသွားမည့်ရက်ဖြစ်သောကြောင့် နွံနှင့်သံလွင်ပြင်ဆင်နေကြသည်။

ကွမ်းတောင်းကိုင်လေးဖြစ်သည့် နွံ့မေတ္တာခဲလေးကို နွံအလှဆုံးပြင်ပေးမည်။ပင်ကိုယ်အလှသည် မိကပ်ပါးပါးလေး၏ပံ့ပိုးမှုကြောင့် သာ၍ပင်ကျက်သရေရှိရှိအလှဂုဏ်ကြွယ်နေလေသည်။

"ပြောသားပဲ့ ဒီကြယ်သီးက တပ်ရခက်ပါတယ်ဆိုကွယ်"

"အော် နွံရယ် အစ်မနွယ်သာက လိုက်ဖက်မယ့်ဟာကိုရွေးထည့်ပေးထားတာလေ..။အစဥ်ဝတ်မှာလည်းမဟုတ်ပါဘူး။ပွဲလမ်းသဘင်ပဲ့ဝတ်မှာကို.။"

နှစ်ယောက်သား မတ်တပ်ရပ်အနေအထားဖြစ်သည်။ သံလွင်၏ ရင်ဖုံးအင်္ကျီမှာ အနောက်ကြယ်သီးတပ်ဖြစ်သည်မို့ နွံ့ကိုကူတပ်စေသည်။ဒါတောင်အောက်ကြယ်သီးသုံးလုံးကိုပဲ့တပ်ခိုင်းခြင်းသာ။

"ဘာပဲ့ဖြစ်ဖြစ်ပါလေ ။နွံနည်းနည်းလေးကြည့်လိုက်ရလို့အဆင်ပြေတယ်..။"

"နွံ ကျွန်မကိုစနေတာလားနော်..။ဗိုက်ခေါက်ကိုလှမ်းကိုက်လိုက်ရဖြင့်"

ကြယ်သီးတပ်ပြီး၍ မျက်နှာချင်းဆိုင်လှည့်လိုက်သည့် သံလွင်။

"အို..ဒီအပြစ်မဲ့တဲ့ နွံ့ဗိုက်ခေါက်ကို များရာရာစစ"

"အပြစ်မဲ့တဲ့လား ။ကျွန်မပြစ်မှားနေမိတာအကြိမ်ကြိမ်အခါခါပါပဲ့ရှင်..."

နွံဟာ ရှက်သွား၏။မျက်ခုံးနှစ်ဖက်တွန့်ချိုးကာ။

"မင်းနော်"

"အို ဘာတွေဇွတ်တွေးနေတာလဲ ဒေါက်တာကြီးရယ်..။ကျွန်မက ရှင့်ဗိုက်ခေါက်ကိုပြစ်မှားတယ်လို့ပြောတာလေ..။"

"ဟွန်း မြန်မာစကားအမျိုးများတယ်ဆိုတာ သိတယ်ဟုတ်..။လွတ်လွတ်ကျွတ်ကျွတ်စကားပဲ့ဆို..။"

"သူကျစလို့ရပြီးတော့များ..။"

"ဒါကတော့ နွံကလူကြီးလေ။ရှင်လေးက ကလေးပဲ့ရှိ​သေးတဲ့ဥစ္စာ"

ထိုစကားပြောချိန်တွင် နွံဟာ ဗီဒိုမှန်ကိုကြည့်၍ ဆံထုံး ထုံးနေလေရဲ့။ဘေးတွင်အတိုင်းသားမြင်နေရသော နွံ၏လည်တိုင်ကျော့ကျော့လေးဟာ ရင်ဖို့ဖွယ်ရာ။ရွှေကြိုးအမျှင်ပါးကလေးက လည်တိုင်ကျော့ကျော့ကို တစ်မျိူးတစ်ဖုံလှအောင် ပံ့ပိုးနေသည်။မြောက်ပင့်ထားသော လက်နှစ်ဖက်ကြောင့် ခါးဖြူဖြူလေးမှာ မခိုးတရို့လေးပေါ်နေသည်။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now