အပိုင်း {၇}

2K 166 4
                                    

သံလွင်နှင့်နွံ မြို့ထဲရှိ ဆိုင်တစ်ဆိုင်တွင် ထမင်းစားရန် ကားရပ်နားကြသည်။ကားပေါ်မှဆင်း၍ ဆိုင်ထဲသို့အတူဝင်သွားကြသည် ။ဆိုင်ဟာသန့်သည် ။တိတ်ဆိတ်သည် ။နားချင်စဖွယ် ။သံလွင်နှင့်နွံ ထောင့်ဆုံးစားပွဲဝိုင်းတွင်သွားထိုင်လိုက်ကြသည် ။

စားပွဲသို့ ဝန်ထမ်းကောင်လေးတစ်ယောက်ရောက်လာသည်။

"ဘာများသုံးဆောင်ကြမလဲဗျ"

"သံလွင်"

"ရှင် "

"ဒီဆိုင်ရဲ့ ထမင်းဟင်းလက်ရာတွေက စားလို့အဆင်ပြေတယ်လေ။သံလွင်သဘောကျမှာပါ။ဘာဟင်းစားမလဲ"

နွံမြို့တွင်နေစဥ်က စားနေကျဆိုင်မို့ သံလွင့်ကိုအာမခံချက်တွေပေးနေတော့သည်။

"ကျွန်မ အဲ့လိုထွေထွေထူးထူးကြီးမရွေးတတ်ပါဘူး နွံ ။ရှင် စားဖို့အဆင်ပြေမယ့်ဟင်းတွေသာမှာလိုက်ပါ..။"

"နွံ့ ကိုအခက်တွေ့စေအောင်လုပ်ပြီ..။"

နွံဟာ အောက်နှုတ်ခမ်းလေးမဆိုရုံမျှစူလိုက်သည်။ချစ်စဖွယ်ပါလေ ။ပြောပါတယ် ။နွံ့မှာ ချစ်စဖွယ်အမူအယာတွေကြွယ်ဝတယ်လို့။

"တကယ်ပါ"

"အဲ့ဆိုလည်း နွံမှာလိုက်တော့မယ်လေနော်.."

ဘောပင်နှင့်စာရွက်ကလေးကိုင်ကာ စားပွဲနံဘေးတွင် ရပ်နေသော ဝန်ထမ်းကောင်လေးဆီသို့ လှည့်၍ ။

"ကောင်လေး..အစ်မတို့ကို ဝက်သားချိုချဥ်ကြော်တစ်ပွဲရယ် ၊အသီအရွက်လှော်တစ်ပွဲရယ်..။အမ်...တုန်ယမ်းဟင်းတစ်ပွဲ ယူလာပေးနော်..ပြီးတော့ ရေသန့်တစ်ဘူးပေး အအေးမခံထားတဲ့ရေသန့်ပေးနော်..။ထမင်းဖြူကနှစ်ပွဲပေးပါ..။"

"ဟုတ်ကဲ့ဗျ.."

ဝန်ထမ်းကောင်လေးမှာ ခေါင်း​ငြိမ့်ပြ၍ထွက်သွားလေသည်။

"နွံ.."

"နွံ ကြားနေပါရက်နဲ့"

"ရှင်ဆေးရုံအုပ်ဆီဘယ်အချိန်လောက်သွားရမှာလဲ ။"

"နွံ ထမင်းစားပြီးရင် သွားမှာလေ ။အဲ့အချိန်လောက်ဆို ကွက်တိပဲ့ ။ဘာလို့လဲ သံလွင်"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Unde poveștirile trăiesc. Descoperă acum