အပိုင်း {၁၇}

1.9K 175 14
                                    

သံလွင်တို့အိမ်ပြန်ရောက်တော့ အရီးလှသည် ရောက်ချေပြီ ။ကွပ်ပျစ်​ပေါ်တွင် ယပ်တောင် တဟပ်ဟပ်နဲ့ ပူသည့်ဟန်။နွေဦးရောက်တော့မည်လေ ။

"အရီးလှ ရောက်တာကြာပြီလား...။"

အရီးလှရှိရာ ကွပ်ပျစ်အနားသွားကာ စကားဆိုလိုက်သည့် နွံ ။

"မကြာသေးပါဘူး...။ခဏကမှရောက်ဖြစ်တာ ဒေါက်တာနွံတို့က ဘယ်ကလာကြတာတုန်း..။"

"ဒီမယ်လေ သံလွင် အဝတ်သွားအပ်လို့ လိုက်ပေးတာ...။ခေမာတို့လည်းပါသေးတယ်..သူတို့ကအိမ်တန်းပြန်သွားတယ်..။"

"အရီးလှ ကိုကြီးချစ်ညိုကရော...။မရောက်သေးဘူးလား...။သံလွင်မတွေ့မိဘူးရော..။"

"ချစ်ညိုလည်းလာပြီးပြီ။အခု နွားသွားဆွဲတာလေ..။"

"ဒါနဲ့အရီးလှ နွံခွင့်တောင်းစရာရှိတယ်...။"

ထိုစကားကို နွံဟာ အရီးလှ၏ ဘေးတွင်ထိုင်၍ ဆိုလိုက်သည် ။

"ပြောလေ ဒေါက်တာနွံ...။"

"နွံ သံလွင့်ကို ဒီညအိမ်ခေါ်သွားချင်လို့လေ...။အရီးလှခွင့်ပြုမှခေါ်မှာပါ..။"

နွံ့ဆီက မထင်မှတ်ထားသော စကားကြောင့် သံလွင်အကြည့်တို့ ကွပ်ပျစ်တွင် ထိုင်နေသော နွံ့ဆီသို့ပို့မိသည် ။

"တခြားလူမှမဟုတ်တာ ဒေါက်တာနွံ့ဆီကိုပဲ့ အရီးလှခွင့်ပြုပါတယ်ကွယ်...။လိုက်မယ့်သူကိုသာမေးယူဦး...။သူ့သဘောရှိမှ ခေါ်လို့ရမှာ ဒေါက်တာနွံရေ.......။"

"သံလွင်..."

"ကျွန်မသဘောရှိပါတယ် နွံ....။"

မငြင်းရှာပါဘူး။မသိတတ်တော့ဘူး။နွံနှင့်အတူရှိမည်အချိန်မို့ သံလွင်လက်လွှတ်မခံချင်တာ သံလွင့်အမှားမှမဟုတ်တာ။နွံဟာပြုံး၍သံလွင့်ကိုကြည့်သည် ။သံလွင်လည်း နွံမျက်လုံးကို တစ်ဖန်ပြန်စိုက်ကြည့်နေမိသည် ။

"အဲ့ဆိုလည်း အဝတ်တွေ သွားယူလှည့်...။"

အရီးလှအသံပြုမှ အကြည့်တို့လွှဲမိသည် ။နွံ့ကိုစိုက်မကြည့်ပါလေနှင့်။နွံ့မျက်ဝန်းဟာ ကြည့်မိလေလေ ပိုပိုပြီး နစ်ဝင်ချင်မိလေလေပါပဲ့ ။တကယ့်ကိုနစ်ဝင်ချင်စရာ နွံအိုင်ငယ်လေးပါ ။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now