ဇာတ်သိမ်းအပိုင်း{၃၄}

3.2K 174 39
                                    

"ဟဲ့...ချစ်ညို ။ ချစ်ညို ငါ့တူ ထစမ်းပါဦး"

"အရီးလှရယ်...ဒီနေ့ကျနော်ယာထဲမဆင်းတော့ဘူး ။ခေါင်းကိုက်လို့ဗျာ.."

မျက်လုံးပင်မပွင့်သေးပေ။ရမ်းသန်းကာ ပြောဆိုနေပုံ။မှောက်လျက်ပင် ပြန်အိပ့်ချပြန်တယ်။
အရီးလှမှာ ဇာခြင်ထောင်ကို အထက်သို့ရုတ်သိမ်းကာ ကုတင်ဘေးတက်ထိုင်ချလိုက်သည်။

"အခုငါသွေးတက်ချင်နေပြီ။ ထစမ်းပါ"

"ဗျာ..အရီးလှသွေးတက်တယ်။ဆေးခန်းသွားကြမယ်လေ"

ကောက်ခါငင်ခါထထိုင်လိုက်သေးသည်။

"အဲ့ဆေးခန်းအသာထား မင်းညီမဘာလုပ်သွားတယ်ဆိုတာသိလား။"

သိနှင့်ခဲ့ပြီးသောချစ်ညိုမှာ အရီးလှစကားကြောင့် ပြန်အိပ့်ချကာ ဖက်လုံးကိုဒူးတုတ်ထားလိုက်သည်။

"ဘာများလုပ်သွားလို့လဲအရီးရယ်"

"မင်းညီမသံလွင် မိန်းမနောက်လိုက်သွားပြီတဲ့။ဘယ်နှယ့်မိုက်လုံးတုန်း"

"အရီးလှကသဘောမတူတာလည်းမဟုတ်ဘဲနဲ့ဗျာ။ပြီးတော့အခုသူလိုက်သွားတာကလည်း တခြားလူမဟုတ်ဘူးလေ ။ဒေါက်တာနွံ သူ့ချစ်သူပဲ့လေ"

"အဲ့ဟာအကြောင်းမဟုတ်ဘူး။ပြောပေါ့ကွယ်။ငါတင့်တင့်တယ်တယ်စီစဥ်ပေးရောပေါ့။အခုကျ ဘယ့်နှယ်လားတော်....။ဒီစာကြီးတစ်စောင်ထားခဲ့ပြီး လိုက်သွားရတယ်လို့။မဖြစ်သေးပါဘူး ပြန်လာရင်ငါတုတ်စာကျွေးဦးမှာ တဇွတ်ထိုးကလေးမ သူ့အဖေခြေရာအတိုင်းပဲ့"

ဆိုကာ တစ်ယောက်ထဲစကားများပွား၍ ထွက်သွားသောအရီးလှ။

.............

"အိမ်ရှင်တို့... ဗျို့အိမ်ရှင်တို့"

ခြံဝန်းအဝမှထင်၏။လူကြီးတစ်​ယောက်၏ အော်ဆော်သံ။သေချာပြီဒါဟာ ရပ်ရွာ၏ တုနှိုင်းကင်းလှသည့် စပီကာမောင်ပျော့ပင်။

"အမေရေ....အလှူခံလာနေတယ်။အကြွေမရှိရင် သမီးအိပ့်ခန်းထဲမှာရှိတယ်နော်"

"ဟာဗျာ...မကြီးခေမာ ။အပြင်သာခဏထွက်လာစမ်းပါဗျာ ။ကျွန်တော်အလှူလာခံတာမဟုတ်ပါဘူး"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now