အပိုင်း {၈}

1.9K 161 2
                                    

အချိန်အားဖြင့်မွန်းတည့်၁၁နာရီနီးနီးပင် ။နေမြင့်သည်မို့ ရွာအဝင်ဝရှိ သစ်ပင်ရိပ့်အောက်တွင် စောင့်နေကြသည့်အမျိုးသမီးနှစ်ယောက် ။
တခြားသူမဟုတ် နွံနှင့်သံလွင် ဖြစ်သည်။နွံဟာ ကားလမ်းဖက်တွက်ရပ်သည် ။သံလွင်ကတော့ ရွာလမ်းဖက်တွင်ရပ်နေသည် ။

"သံလွင် ချစ်ညိုကို ဘယ်အချိန်လာကြိုဖို့ မှာထားသလဲ..။"

ယှဥ်လျှက်အနေအထားမှ သံလွင့်ဖက်ကိုလှည့်၍မေးလိုက်သည့် နွံ ။

"၁၂နာရီအရောက်လာကြိုပါလို့ပြောခဲ့ပါတယ်..။ကိုကြီးချစ်ညိုက အစောလာပါလိမ့်မယ် နွံ..။"

အမြန်ယဥ်ဖြင့်လာကြသည်မို့ နှစ်ယောက်လုံးမှာ ပင်ပန်းနေကြပြီဖြစ်သည် ။

"ဟူးးး ပင်ပန်းလိုက်တာ အိမ်ပြန်ရောက်ရင်တော့ အများကြီးအိပ့်ပစ်ဦးမှာ ဟဲဟဲ"

တစ်ယောက်ထဲ ကြုံးဝါးနေသည့်သံလွင့်ကို နွံ ဘေးတစ်စောင်းလေးကြည့်၍ ။

"တကယ့် ကလေးလေးကျနေတာပဲ့နော် ။"

ရယ်သံနှော၍ပြောလိုက်သော နွံစကားသံကြောင့် ။

"ကျွန်မကလေး မဟုတ်ပါဘူး နွံ ။ကလေးတွေအများကြီးကို ထိန်းကျောင်းပေးနေရတဲ့ ဆရာမတစ်ယောက်ဖြစ်နေပြီ..။အသက်အရွယ်ကလည်း ကလေးလို့တောင်ဆိုရမယ့် အရွယ်မဟုတ်တော့ဘူး ။ကျွန်မ ​ပြန်ခံပြောတာမဟုတ်ဘူးနော်..။အဟုတ်ကို အဟုတ်တိုင်းပြောပြတာ..။"

ဆိုင်မှာပြန်ခံပြောသည်ဟုပြောထားသည်ကို မှတ်ထားသည့်ထင်၏ ။သူ့ကိုယ်သူ ကလေးမဟုတ်ကြောင်း အတော်လေးရှင်းပြချင်နေရှာရဲ့ ။နွံစနောက်နေတာကို သူလေးမသိရှာ ။မဟုတ်မှန်လျှင်ပြန်ပြန်ပြောတတ်သည်မို့ တမင်တကာ စနေခြင်းသာ ။

"ဟုတ်သလားကွယ်.."

မျက်ခုံးပင့် ၊နှုတ်ခမ်းပင့်ကာ ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် တစ်ဖက်သို့လှည့်သွားသော နွံ ။ထိုအမူအယာဟာ သံလွင့်ကို မယုံသည့်သဘောလား ။

"ဒီမယ် နွံ ကျွန်မက"

"ဟော ဟိုမှာ ချစ်ညို လာပြီပဲ့ ။ရန်တွေ့ချင်ရင်နောက်မှ နွံ့ဆီကို သီးသန့်လာပြီး ရန်တွေ့လှည့်..။"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Donde viven las historias. Descúbrelo ahora