အပိုင်း {၁၆}

2K 158 13
                                    

အချိန်အားဖြင့် ညနေ၃ချက်တီးပြီ ။အရီးလှလည်း ရောက်မလာသေးသလို ချစ်ညိုလည်းပေါ်မလာ ။ဒီပုံအတိုင်းဆို ညနေစောင်းမှရောက်လာပေဦးမည် ။

ကုတင်ထက်ဝယ် မိန်းမသားနှစ်ဦး ။နွံသည် သံလွင့်ရင်ခွင်ထဲတွင် ကိုယ်တစ်စောင်းလေးနေ၍ အမှီပြုလှဲထားသည် ။သံလွင်ကတော့ အစောင်းလေးနေသော နွံလက်မောင်းသားကို ပွတ်သပ်နေမီသည် ။

"နွံ...။"

"နွံ ကြားနေပါရက်နဲ့ကွယ်...။"

"နွံခါးမှာ ပုဝါဆောင်တာ အကျင့်လား...။အရင်က ရှင့်ခါးမှာ ပုဝါအသေးလေးရှပ်တတ်တာ ကျွန်မသတိထားမိတယ်...။အခုနောက်ပိုင်းမတွေ့တော့သလိုပဲ့နော်...။"

"အကျင့်လားတော့ နွံလည်းမပြောတတ်ပါဘူး...။အငိုသန်တဲ့ကလေးတစ်ယောက်အတွက် အမြဲလိုလိုဆောင်ထားရင်းနဲ့ အခုလို အကျင့်ဖြစ်သွားရတယ်...။နွံပြင်ယူနေပါတယ်ကွယ်..။"

​နွံဟာ သံလွင့် ရင်ဘတ်ပေါ်တွင် လက်ညိုးလေးဖြင့် ရွေ့ကစားကာ ထိုစကားကိုဆိုသည် ။

"ပုဝါရှပ်ထားရင် တစ်မျိုးလေး ရှင်နဲ့ပိုလိုက်ဖက်သလိုပါပဲ့...။မပြင်ယူပါနဲ့လား..။"

"သံလွင် သဘောကျသလား..။"

"အင်း ကျွန်မသဘောကျတယ်...။"

"အင်း နွံပြန်ဆောင်ပါ့မယ်...။မှန်ရှေ့ရောက်ရင် နွံလည်း တစ်ခုခုလိုနေသလိုပါပဲ့ အားမရဘူးရယ်..။"

"သံလွင်....အိမ်မှာရှိနေလား.။ခေမာတို့လာတယ်ဟေ့..။"

အိမ်အောက်မှ အော်သံ။ဒီအသံဟာ သေချာပေါက်ကို အမွှာညီအစ်မနှစ်ယောက်လာမည် ဖြစ်သည်။

"သံလွင် အိမ်အောက်မှာလူ ရောက်နေတယ် ဖြစ်မယ်...။"

"အင်း.. ခေမာလာတယ်ထင်တယ်...။အချိန်ကောင်းလေးဆို အဖျက်သမားတွေက မဖိတ်ဘဲရောက်လာတတ်တယ်..။ကျွန်မ သွားခေါ်လိုက်မယ် ရှင်နေခဲ့ပါ..။"

နွံနှင့်သံလွင် ကိုယ်ချင်းပြန်ခွာစေကာ နှစ်ယောက်သား အိမ်လယ်သို့ထွက်လာကြလိုက်သည် ။

သံလွင်ကတော့ အိမ်အောက်သို့ဆင်းကာ ။

"ရှိနေပါ့...ဘာကိစ္စဝိစ္စရှိလို့ပါသလဲ မယ်မင်းကြီးမတို့...။"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now