အပိုင်း {၂}

2.5K 186 0
                                    

သံလွင်ဦး ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ရေနွေးကြမ်းခွက်လေးကိုင်၍ အာငွေ့ပေးနေမိသည်။ညသည်အေးသော်လည်း ကွပ်ပျစ်၏ မလှမ်းမကမ်းတွင် မီးပုံထည့်ထားသည်မို့ အနွေးဓာတ်ကလေးရနေသည်။ထိုမီးပုံတွင် ကြက်သံပုံးကင်လုပ်နေသော ကို​ကြီးချစ်ညို ။မီးအရှိန်ကြောင့် နံဖူးထိပ်တွင်ချွေးသီးလေးများပင် စီနေလေရဲ့ ။

လတ်ဆတ်သည့် လေညင်းကလေးဟာ တဝေ့ဝေ့ဖြင့်တိုက်ခတ်နေသည်။

"အရီးလှရေ.....ကိုကြီးချစ်ညို...."

ခြံအဝပင် လူကမရောက်သေး အသံအရင်ရောက်နေသော အမွှာနှစ်ယောက် ။

"ဟေ့...ခေမာနှင့်ဟေမာ....​ကျုပ်တို့နားလေးနေကြတာမဟုတ်ဘူး...။ဘယ်နှယ့်ဗျာ....၁၀အိမ်ကြား ၁၁အိမ်ကြားအော်ခေါ်နေရသလား.."

ထအော်လေသောချစ်ညို ။

"ဟယ်...သံလွင်..တကယ်ကြီးရောက်ချလာတာတော့်...။ငါတို့က..ကိုကြီးချစ်ညိုအာချောင်တယ်ထင်နေတာ....."

ချစ်ညို၏ စကားကိုပင်အရေးမစိုက် ။ကွပ်ပျစ်ထက်ရှိ သံလွင်ရှိရာသို့ အပြေးလာကြသည် ။

"ဖြည်းဖြည်း လာကြပါ...။ခြေချော်နေကြပါဦးမယ်.."

ကွပ်ပျစ်ထက်တွင် တက်ထိုင်ကြ၍ ။

"ငါတို့က သတင်းကြားကြားချင်းလာချင်နေတာ...။သိတဲ့အတိုင်း ယာထဲမှာအပြီးမသတ်နိုင်ကြဘူး.....။ဆံပင်လည်းကြည့်ပါဦး...အရောင်လေးလှလိုက်တာ..ခွေခွေလေးလည်းလုပ်ထားသေးတယ်နော်.."

သံလွင်၏ ဆံပင်အဖျားလေးကို ကိုင်ကြည့်၍ ဆိုလိုက်သော ခေမာ။အားကျမှုတို့က မျက်ဝန်းတွင်ရိုးသားစွာပေါ်နေသည် ။

"ဆံပင်ကို ခဏထားကြ ဒီမှာကြက်ကင်ရနေပြီ......စားကြမယ်"

အငွေ့တထောင်းထောင်း ထနေသော ကြက်ကင်ကို မယူ၍ကွပ်ပျစ်ဆီသို့လျှောက်လာသည့် ချစ်ညို ။

"ငါတို့ လာတာနဲ့ကွက်တိပေါ့...ကောင်းလိုက်တာ.ဟဲဟဲ"

"ကံထူးသွားတယ်မှတ်"

ကြက်ကင်ကို သေချာလေးဖဲ့ယူကာစားကြသည်။ ခါးရေနွေးနွေးနဲ့ပင် အလိုက်သင့်နေ၏..။

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Donde viven las historias. Descúbrelo ahora