အပိုင်း {၄}

2.2K 177 4
                                    

ပွင့်လာသည့် တံခါးချပ်နှင့်အတူ ရောက်ရှိလာသော မျက်ဝန်းအစုံ ။ကျွန်မရင်းနှီးနေသော မျက်ဝန်းလေး ။ဘုရားပေါ်ကဆုံခဲ့တဲ့အမျိုးသမီးပဲ့ ။ကျွန်မမှတ်မိနေသည် ခေတ္တမျှဆုံခဲ့တဲ့သူစိမ်းအမျိုးသမီးကို ကျွန်စိတ်ထဲရင်းနှီးသလိုခံစားနေရသည်မှာ အံဩလှသည် ။

"ဆေးခန်းလာပြတာလားဟင် "

သံလွင့်ကို မှတ်မိသည်ထင်ခဲ့တာ..။အို တဖက်သတ် ရှက်စိတ်ကလေးဝင်လာမိပြီ ။

"မဟုတ်ပါဘူး..။ကျွန်မကို အရီးလှက ဒီကဒေါက်တာ့ဆီကို ထမင်းလာပို့ခိုင်းလို့ပါ ။"

"အင်း...။အဲ့ဆို နွံ့ကိုပေးနော်.. ။ချိုင့်လတ်မလို့ ...အိမ်ထဲမှာဝင်စောင့်ပေးပါဦး...။"

သူမ၏ ကိုယ်တစ်ခြမ်းစောင်းပေးကာ သံလွင့်ကို အိမ်ထဲဝင်စေသည် ။

"ဒီမှာခဏ ထိုင်စောင့်ပေးနော်..။"

ကုတင်လည်းမဟုတ် ။ထိုင်ခုံရှည်လည်းမဟုတ် ။ကွပ်ပျစ် ကျယ်ကျယ်ပြန့်ပြန့်လေးကိုအမြင့်ကလေးလုပ်ထားသည် ။လူတစ်ယောက်လွတ်လွတ်လပ်လပ် အိပ့်လို့ရလောက်သည် ။နံရံနှင်ထိကပ်ထားသည့်မို့ ထောင့်လေးတွင် အံဝင်ဂွင်ကျဖြစ်နေသည် ။ကုတင်လို့သုံးရင်ပိုမှန်ပေလိမ့်မည် ။.

ကုတင်ထိပ်တွင် ဒေါင်လိုက်အနေထား ခေါင်းအုံးလေးတစ်လုံး ။ထိုခေါင်းအုံးလေး၏ မလှမ်းမကမ်းတွင် "ဆရာမ ခင်ခင်ထူး "၏{စည်းကုံးကြိုး}စာအုပ်ကို ဖတ်လက်စ မှောက်လျှက်ချထားသည် ။အချင်းအရာကိုကြည့်ခြင်းအားဖြင့် ထိုအမျိုးသမီးဟာ ကျွန်မ မရောက်ခင်အခိုက်အတန့်လေးတွင် ကျောမှီကာစာအုပ်ဖတ်နေသည်ဖြစ်မည် ။

"ပြီးပြီကွယ်...။စောင့်ရတာကြာသွားသလား..။"

"ရပါတယ်..။ကျွန်မ ဒီအချိန်လေးလောက်တော့ အပန်းမကြီးပါဘူး ဒေါက်တာ.."

"ဟုတ်ပါပြီကွယ်..။ရော့..မင်းရဲ့ချိုင့်"

ကျွန်မဆီသို့ ကမ်းပေးလာသော ချိုင့်လေးကို ပြန်ယူလိုက်သည်။

"နောက်ပြီး.. တို့ကို ဒေါက်တာလို့မခေါ်စေချင် "

"ရှင်..။အဲ့ဆိုကျွန်မကဘယ်လို ခေါ်ရမလဲ "

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Tahanan ng mga kuwento. Tumuklas ngayon