အပိုင်း {၁၃}

2.1K 171 6
                                    

နွံနှင့်အတူကျောင်းသို့သွားရန် နွံရှိရာအိမ်ဆောင်သို့ကြွကြွရွရွလေးလျှောက်လာခဲ့ချေပြီ ။ခြင်းထဲရှိ အညိုရောင်စာအိတ်လေးကို ခဏလေးယူထုတ်ကြည့်လိုက်သည် ။ထိုစာအိတ်လေးမှာ နွံ့ကိုပေးမည့် သံလွင်၏ မေတ္တာစာစောင်လေးပင် ။ဘုရားပေါ်တွင် သံလွင်နှင့်နွံ မထင်မှတ်ဘဲ တွေ့ဆုံခဲ့စဉ်က ကျန်ရစ်ခဲ့သည့် နွံ၏ပုခုံးတင်ပုဝါအဖြူအခေါက်လေး
ထည့်ထားသော စက္ကူအိတ်အသေးလေးလည်းပါသေးသည် ။

ခြံအရှေ့သို့ပင်ရောက်လုမတတ်ဖြစ်နေပြီ ။အရင်လိုနွံဟာ အပြင်တွင်စောင့်နေခြင်းမရှိ ။အရင်သွားနှင့်ပြီလို့မထင်။အိမ်ထဲတွင်ရှိနေဦးမည်ဖြစ်သည် ။ခြံတံခါးကိုတွန်းမိရာ စေ့ထားရုံမျှသာရှိသည်မို့ ဝင်လာလိုက်သည် ။အိမ်တံခါးသည်လည်း ထိုနည်းလည်းကောင်းပင်။

"နွံ...ရှင်ရှိနေတယ်မလား.."

"နွံ ရှိနေပါတယ်သံလွင်..."

အိမ်ခန်းထဲမှထွက်ပေါ်လာသော နွံ၏အသံနုနု။သံလွင်ဆွဲခြင်းလေးကို ပြင်ကျယ်ကျယ်ခုံတန်းပေါ်တွင်ချလိုက်သည် ။နွံပြင်ဆင်၍မပြီးသေးသည်ဖြစ်မည် ။

"သံလွင်..။"

"ရှင်..။"

"နွံ့အခန်းထဲဝင်လာခဲ့ချေလေ... ။"

"ဟုတ်ကဲ့ပါ နွံ"

နွံ့အခန်းထဲသို့ ခြေလှမ်းတရွေ့ရွေ့ဖြင့် ဝင်လာလိုက်သည် ။ပြတင်းပေါက်ဘောင်ကို ညာဖက်လက်ဖြင့်မှေးလေးထောက်ကာ ငှက်အိမ်သို့ ငေးကြည့်နေသော နွံ့ကိုတွေ့ရသည်။

သံလွင်လက်ပိုက်၍ အိပ့်ခန်းတံခါးဘောင်ကို ကိုယ်တစ်ခြမ်းလျောမှီကာ နွံ့ကိုငေးကြည့်နေမိသည် ။
နေရောင်ခြည်နုနုဟာ နွံ့မျက်နှာထက်ဝယ် ဖြာကျနေလေရဲ့။ရွှေဝါရောင်သနပ်ခါးနှင့် အလွန်လေး လိုက်ဖက်လှသည့် အမျိုးသမီးလေး ။ငေးဖန်များတော့ ချစ်စိတ်တိုးပွားမိ၏ ။

ထိုနောက် နွံဟာ လက်ပိုက်၍ ပြတင်းပေါက်ဘောင်ကို ကျောမှီလိုက်သည် ။ကိုယ်​ရှေ့တည်မူရာဟာ သံလွင့်ဖက်တွင်သာ ။

"သံလွင်..။"

"ရှင်..။"

"နွံ့ကို တအားငေးတာပဲ့နော်..။နွံ့ပုံရိပ့်တွေက အလကားမရဘူးရှင့်..။"

လေးကျွန်းဆီမီးမှအစတည်သည် {လေးကျွန်းဆီမီးမှအစတည်သည်}{Complete }Where stories live. Discover now