/5/

7.8K 427 12
                                    


သဏ္ဍန်အလုပ်ကပြန်ရောက်တာနဲ့ ရှိုင်းထက်အောင်ရှိနေမည့်အခန်းထဲဝင်လာခဲ့တော့ ထိုလူကအခန်းထဲမရှိ။ အဝတ်လဲခန်းထဲရောက်နေလားသွားကြည့်တော့လည်း မရှိပြန်။ ဒီညပါတီကိုမတက်မဖြစ်တက်ရပါမယ်လို့ပြောထားရဲ့သားနဲ့။

စိတ်အလိုမကျဖြစ်တာနဲ့ဒေါသက ကပ်ပါလာပြီ။ဝတ်ထားတဲ့အကျီက ကြယ်သီးတွေအကုန်ဆွဲဖြုတ်ပြစ်ပြီး အပေါ်ထပ်ကိုတက်လာတော့ ထင်သည့်အတိုင်းပင်။လသာဆောင်မှာDreambedချကာအကျီအပါးနဲ့အိပ်ပျော်နေပြန်သည်။ရင်ဘတ်ပေါ်မှာဟိုကောင့်ပုံကိုပိုက်ထားသေး။ဘေးနားကစားပွဲပေါ်မှာသောက်လက်စအရက်ပုလင်းနဲ့၊အရက်ခွက်နဲ့။

၅နှစ်ရှိပြီ။ရှိုင်းထက်အောင်နဲ့မင်းသဏ္ဍန်လက်ထပ်ထားတာ၅နှစ်ရှိပြီ။အခြေအနေက အရင်တုန်းကအတိုင်းပဲမပြောင်းလဲသေး။
ရှိုင်းထက်အောင်ဘက်ကပြောင်းလဲလာအောင် သဏ္ဍန့်ဘက်ကနည်းမျိုးစုံသုံး၊ချော့တစ်ခါခြောက်တလှည့်ကြိုးစားခဲ့သော်လည်း ရှိုင်းထက်အောင်က သူ့က်ိုနည်းနည်းလေးတောင်မျက်နှသာမပေးခဲ့ဘဲ နှလုံးသားမရှိတဲ့လူတစ်ယောက်အလား။

သဏ္ဍန်ထိုလူကိုလွှတ်ချသင့်ပြီလား။ချစ်ရသူကိုပိုင်ဆိုင်ခွင့်ရခဲ့လို့ပျော်ရွှင်ရမယ့်အစား..သူနဲ့လက်ထပ်ပြီးကတည်းက ပျော်ရွှင်မှုတွေပျောက်ဆုံးသွားရတဲ့လူသားက သူဖြစ်နေခဲ့တာ။စီးပွားရေးလုပ်ငန်းတွေတဟုန်ထိုးတိုးတက်အောင်မြင်နေခဲ့သော်လည်း ၊ငွေကိုရေလိုဖြုန်းနေနိုင်သော်လည်း သဏ္ဍန့်မှာဘာပျော်ရွှင်မှူမှမရှိ။အိမ်ထောင်ရှိရဲ့သားနဲ့ လည်း အိမ်ထောင်ရေးသုခမပြည့်ဝတဲ့အပြင် အိမ်ပြန်လာတိုင်းလည်း သူ့က်ိုဝမ်းပန်းတသာကြိုနေမယ့်သူကမရှိ။ကြာတော့ ဒီဘဝကြီးကိုသဏ္ဍန်စိတ်ကုန်လာပြီ။ဆူလေးပြောသလို သူ့ပျော်ရွှင်မှုက်ိုရှာဖွေသင့်ပြီလား။ဒါဆိုရှိုင်းထက်အောင်ကိုလက်လွှတ်ပေးလိုက်သင့်ပြီလား။အဲ့လ်ိုကျတော့လည်း သူ့အတ္တက ခွင့်မပြုနိုင်။ရှိုင်းထက်အောင်ကိုပိုင်ဆိုင်ခွင့်ရဖို့သူဘယ်လောက်ထိပေးဆပ်ထားခဲ့ရလည်းသူအသ်ိဆုံး။

မူးနေသူကိုထိုအတိုင်းပဲထားခဲ့ကာ သဏ္ဍန်ရေချိုးရင်းအတွေးတွေလွင့်မြောနေတာအချိန်၁နာရီလောက်ကြာသွားတော့မှ ဆုံးဖြတ်ချက်တစ်ခုချလိုက်နိူင်တော့သည်။သဏ္ဍန့်ဆုံးဖြတ်ချက်က ရှိုင်းထက်အောင်ကို နေမြဲတိုင်းပဲဆက်နေစေပြီး သူကတော့ပျော်ရွှင်မှူကိုရှာဖွေတော့မည်။သူရှာထားတဲ့စည်းစိမ်တွေကို အားရအောင်သုံးပြီး ဘယ်သူကသူ့က်ိုသာယာမှုအပြည့်ပေးနိုင်လဲဆိုတာ ဒီညကစပြီးစမ်းသပ်ရှာဖွေတော့မည်ဟု။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now