/22/

7.6K 465 16
                                    

Part (22)

'မင်းcardပေး'

'ဘာ!'

'မင်းcard ပေးလို့ပြောတာ'

အထည်ဆိုင်မှာ၁ နာရီလောက်စိတ်ကြိုက်မွှေနောက်ပြီးနောက် ငွေရှင်းချိန်ရောက်တော့သဏ္ဍန့်cardကိုတောင်းလာတဲ့ရှိုင်းထက်အောင်။ရှိုင်းထက်အောင်တအားထူးဆန်းနေပြီ။အခုလည်းသဏ္ဍန်ကထုတ်မပေးမ​ချင်း လက်ဖြန့်ထားပြီးခပ်တည်တည်မော့ကြည့်နေတာ။ဝန်ထမ်းကောင်မလေးတွေကလည်းပြုံးစိစိနဲ့ ကြည့်နေကြကုန်ပြီ။

'မပေးချင်ဘူးလား ရတယ်လေ မင်းနာမည်နဲ့အကြွေးထားခဲ့မှာ'

'မပေးချင်လို့မဟုတ်ဘူး..မင်းကိုပေးထားတဲ့cardကိုသုံးလေ'

'မင်းcardကိုပဲသုံးချင်လို့'

ရှိူင်းထက်အောင်ခေါင်းမာပြီဆိုဘယ်လိုမှပြောမရတာကြောင့် သဏ္ဍန့်cardကိုပဲထုတ်ပေးလိုက်သည်။ငွေရှင်းနေတုန်း ဝန်ထမ်းကောင်လေးတစ်ယောက်ကအနားရောက်လာသည်။

'အကို့ဖုန်း'

'thanks ညီလေး..ပုံကောင်းကောင်းတွေထွက်ရဲ့လား'

'ရှူထောင့်မျ်ိုးစုံကရိုက်ပေးထားတယ် အကို'

ဝန်ထမ်းကောင်လေးကိုဘယ်တုန်းက ဖုန်းပေးပြီးဓာတ်ပုံရိုက်ခိုင်းထားတာလဲ..။ရှိုင်းထက်အောင်ကမလုပ်ဖူးတာတွေလုပ်နေပြီ။ သဏ္ဍန်ကားမောင်းနေရင်း နာရီတကြည့်ကြည့် ဖုန်းတကြည့်ကြည့်။အချိန်ကနေ့လည်၁၁နာရီခွဲ နေပြီ။ရှင်သန်လင်းသူ့စီဖုန်းမဆက်လာသေး။ စည်သူဘယ်လိုများပြောလိုက်လို့ဖုန်းမဆက်တာလဲ။

'မင်းဘာလို့နာရီပဲကြည့်နေတာလဲ..အာရုံမရရင်ငါမောင်းမယ်'

'နေ့လည်စာ ဘာစားမလဲ'

'မှော်ဘီခဏသွားရအောင် ဝေယံ့ဆိုင်မှာစားချင်လို့ အချ်ိန်ရသေးတယ်မလား'

'အင်းး..'

မှော်ဘီသွားချင်နေသူကြောင့် သဏ္ဍန်လမ်းကြောင်းပြောင်းလိုက်ပြီး မှော်ဘီသို့ထွက်လာခဲ့ကြသည်။

'ဆိုင်နေရာမင်းသိလား'

'မသိဘူး..ဖုန်းဆက်လိုက်မယ်'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now