/20/

8K 436 17
                                    


အလင်းကို ဒေါက်တာက တစ်လမ်းလုံးစိတ်မပူဖို့ပြောလာပေမယ့် အလင်းငိုချင်တာပဲသိသည်။အငယ်က ကျန်းမာတဲ့ကလေးမလို့ အခုလိုတစ်ခါမှမဖြစ်ဖူး။ပထမဆုံးစဖြစ်တဲ့အချိန်ကျမှ အလင်းကအနားမှာမရှိ။အငယ်နဲ့အထွေးဘယ်လောက်များအားငယ်နေလိမ့်မလဲ..တွေးလေစိတ်မကောင်းလေ၊ငိုချင်လေ။

ဆေးရုံရှေ့မှာကားရပ်လိုက်တာနဲ့ အလင်းကအတင်းဆင်းပြီးဆေးရုံထဲအပြေးဝင်သွားကာ အငယ်ရှိနေမယ့်နေရာကိုမေးရသည်။ဆရာမလေးတစ်ယောက် မျက်ရည်တရွှဲရွှဲနဲ့ဖရိုဖရဲဖြစ်နေတဲ့အလင်းကိုသနားလို့ထင်။သူမကိုယ်တိုင်အငယ်ရှိတဲ့နေရာကို လိုက်ပို့ပေးသည်။

အငယ်ရှိတဲ့အခန်းထဲအလင်းရောက်သွားတော့ အငယ့်လက်မှာဆေးပိုက်တန်းလန်းနဲ့ အငယ်ကပါးစပ်လေးဟပြီးအိပ်ပျော်နေပြီ။

'အငယ်...အထွေးး'

'ဟင့်..ကိုကြီးး'

အထွေးက အလင်းကိုတွေ့တာနဲ့ပြေးဖက်ပြိးငိုတော့သည်။

'အထွေး..အငယ့်အခြေအနေဘယ်လိုနေလဲဟင်'

'သက်သာသွားမှာတဲ့ကိုကြီး..အငယ်ကအများကြီးမစားမိလိုက်လို့တော်သေးတယ်တဲ့'

အလင်းက အငယ့်ကုတင်ဘေးဝင်ထိုင်ကာ နဖူးပေါ်ကဆံပင်တွေကိုလက်နဲ့သပ်တင်ပေးရင်း လက်ကလေးတွေကိုင်ကြည့်လိုက် အကျီကလေးတွေလှန်ကြည့်လိုက်တော့ နီနီရဲရဲအကွက်တွေကတကိုယ်လုံးအနှံ့။အငယ့်ကိုသနားလို့ အလင်းက
တစိမ့်စိမ့်မျက်ရည်ကျရင်း ရှိက်သံထွက်တဲ့ထိ ကြိတ်ငိုတော့မှ

'ဒီကညီလေး...ကလေးကသက်သာသွားမှာပါ...စိတ်ချထားလို့ရပါပြီ'

ယောကျားတစ်ယောက်ရဲ့အသံကိုကြားလိုက်တော့မှ အခန်းထဲမှာ နောက်ထပ်အပြင်လူရှိနေတာအလင်းသတိထားမိတော့သည်။ထိုလူက အသားခပ်လတ်လတ်နဲ့လူရည်သန့်ပုံစံမျိုး။အရွယ်က အကို့အရွယ်လောက်ရှိမည်။

အလင်းကထိုလူ့ကိုသေချာကြည့်နေတော့ ထိုလူကသူ့ကိုယ်သူမိတ်ဆက်လာသည်။

'ဝေယံပါ..စားသောက်ဆိုင်ပိုင်ရှင်..ကျွန်တော့်ဆိုင်မှာဖြစ်သွားတဲ့ကိစ္စမလို့ ကျွန်တော်တာဝန်ယူပေးပါ့မယ်'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now