Part 44
'ကိုရှိုင်းလေး..သား...ထမင်းစားတော့မလား..ဆေးရုံကပြန်လာကတည်းကဘာမှမစားရသေးဘူးလေ'
ဆေးရုံကပြန်လာပြီးကတည်းက ကုတင်ပေါ်လှဲနေတာ ညနေ၃နာရီထိဆင်းမလာသေးလို့ မတုတ်အပေါ်ထပ်တက်သွားလိုက်တော့ ကုတင်ပေါ်ဘေးတစ်စောင်းလှဲနေပုံလေးက သနားစရာလေး။ယောကျားလေးဖြစ်ပြီးကိုယ်ဝန်ဆောင်ထားရတော့ ဘယ်လောက်တောင်များပင်ပန်းခက်ခဲနေလိုက်မလဲ။ခုလိုချိန်မျိူးမှာ ယောကျားဖြစ်သူရဲ့ဖေးမမှူတွေအများကြီးလိုအပ်နေမှာကို...ကိုရှိုင်းကမတုတ်ကို ပိုက်ဆံတွေပေးပြီးရွာပြန်ဖို့ပြောပေမယ့် ကိုရှိုင်းကိုမတုတ်စိတ်မချလို့မပြန်ဖြစ်ခဲ့။
'ဗိုက်မဆာဘူးမတုတ် ညစာကျမှပေါင်းစားတော့မယ်'
ဗိုက်မဆာဘူးသာပြောတာ အသံကအားမရှိတဲ့အသံ။
'ကိုရှိုင်းစားမှ သမီးလေးကစားရမှာလေ.ကိုရှိုင်းမစားရင်သမီးလေးဗိုက်ဆာနေမှာပေါ့'
'အင်းပါ..ဒါဆိုလည်းနည်းနည်းစားမယ်..'
စားမယ်ပြောမှပဲ မတုတ်လည်းစိတ်ချမ်းသာတော့သည်။
'ဒါဆို မတုတ်အပေါ်ယူခဲ့မယ်နော်'
'ထမင်းစားခန်းမှာပဲစားမယ်မတုတ်..ဖြေးဖြေးချင်းဆင်းခဲ့မယ်'
ကိုယ်ဝန်နဲ့မလို့ အတက်အဆင်းခက်မှာဆိုးလို့အောက်ထပ်ကအခန်းကိုပြောင်းနေဖို့မတုတ်ပြောသော်လည်းကိုရှိုင်းကလက်မခံ။သမီးအဖေအငွေ့အသက်ရှိတဲ့အခန်းမှာနေမှ သမီးကသူ့အဖေကိုသိမှာဆိုတဲ့အစွဲကြောင့် အခန်းပြောင်းပေးလို့မရသလို သဏ္ဍန့်ရဲ့ အဝတ်အစားတွေပဲဝတ်သည်။စားတော့လည်းသဏ္ဍန်ကြိုက်တတ်တာတွေပဲစားသည်။သူအရမ်းကြိုက်တဲ့မြောင်းမြမုန့်ဟင်းခါးဆိုအနံ့တောင်ခံလို့မရတဲ့ထိ။ကိုရှိုင်းခါလောက်ထိပြောင်းလဲသွားတာ ဗိုက်ထဲကသမိးလေးကြောင့်နေမှာ။
အတူရှိနေစဥ်တုန်းကသာ ကိုရှိုင်းဘက်ကသာသဏ္ဍန့်ကို ကြင်နာပေးခဲ့မယ်ဆိုရင် သဏ္ဍန်ကလည်းအပြင်မှာအဖော်ရှာမှာမဟုတ်။သမီးလေးလည်းဖခင်မဲ့မှာမဟုတ်သလို သူ့အဖေကဘယ်လောက်တောင်ချစ်လိုက်မလဲ။သဏ္ဍန်က ကလေးအရမ်းလ်ိုချင်နေခဲ့တာ။ အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင် ဘယ်လောက်များကောင်းလိုက်မလဲ။
YOU ARE READING
'' အဖြည့်ခံ '' (Complete)
Romanceအဖြည့်ခံရဲ့သွေးသားကိုငါမလိုချင်ဘူး..ငါလိုချင်တာ ငါ့ချစ်သူနဲ့ရတဲ့ရင်သွေး။