ဟိုလူဆီသွားနေတဲ့လမ်းတစ်လျှောက် အလင်းတွေးကြောက်နေမိတာက..အလင်းဒီတစ်ကြိမ်မှာ ပထမတစ်ကြိမ်တုန်းကလိုကံကောင်းမှာမဟုတ်လောက်ဘူးဆိုတာတော့ တပ်အပ်သိနေပြီမလို့ ကြုံလာသမျှကိုရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားရင်း အလင်းစီးလာတဲ့ကားက Zဟိုတယ်ရှေ့မှာရပ်လိုက်တာနဲ့ လူ၂ယောက်က တံခါးလာဖွင့်ပေးပြီးအလင်းကို အခန်းနံပါတ် 69သို့ခေါ်လာခဲ့သည်။အခန်းရှေ့ရောက်တော့ ထိုလူနှစ်ယောက်ထဲကတစ်ယောက်က ပြောလာသည်။
'တံခါးဖွင့်ထားတယ်..ဝင်သွားလိုက်ပါ'
အခန်းတံခါးကိုအသာတွန်းဖွင့်ရင်းဝင်သွားတော့တစ်ခန်းလုံးကအမှောင်များနေပြီး ပြာလဲ့လဲ့အလင်းရောင်ကတကယ့်မှိန်မှိန်လေး။အလင်းကြောက်စိတ်ကြောင့် ရင်တွေထိန်းမရအောင်ခုန်လာပြီးအာခေါင်တွေတောင်ခြောက်နေသလို။အခုချိန်ထွက်ပြေးရင် အချိန်မှီသေးလားမသိပေမယ့် အထွေးဆီကညတိုင်းကြားရတဲ့မောမောပန်းပန်းချောင်းဆိုးသံကိုပြန်ကြားယောင်မိတော့ ခြေလှမ်းတွေက်ိုရှေ့ဆက်တိုးမိသည်။ အခန်းထဲရောက်တာနဲ့ ယောက်ျားပီသတဲ့ ခပ်သြသြအသံကိုကြားလိုက်ရသည်။
'ရောက်လာပြီလား.. အဆင်သင့်ပဲလား'
'ဟုတ်...အ...အဆင်သင့်ပါပဲ'
'သေချာလား..ဒီတစ်ကြိမ်တော့ငါကဒီတိုင်းပြန်လွှတ်မှာမဟုတ်ဘူးဆိုတာရောသိထားပြီးသားလား'
'ဟုတ်...သိ....သိထားပါတယ်'
'ဒီကိစ္စကိုလက်ခံလိုက်လို့နောင်တမရဘူးဆိုတာသေချာလား'
'သေ...သေချာပါတယ်'
'ဒီလာထိုင်'
ထိုလူက ခါးမှာကြိုးစည်းပါတဲ့ညအိပ်ဝတ်စုံအဖြူရောင်ကို ဝတ်ထားပြီး လက်ထဲမှာလည်းအရက်ခွက်တစ်ခွက်ကိုင်ထားရင်းထိုခွက်ထဲကရေခဲတုံးလေးကို လှုပ်ရမ်းနေရင်း အလင်းကိုထိုင်ဖို့ညွှန်ပြတဲ့နေရာမှာအလင်းဝင်ထိုင်လိုက်သည်။ခေါင်းလျှော်ထားတာမလို့ဆံပင်တွေကမခြောက်
သေးပေမယ့် ထိုလူမကြိုက်မှာဆိုးလို့ဆံပင်တွေက်ို လက်မှာအမြဲဝတ်ပြီးဆောင်ထားတတ်တဲ့သရေကြိုးပျော့ကွင်းလေးနဲ့စည်းနှောင်နေတာကိုလည်း ထိုလူက ကုတင်ခြေရင်းဘက်မှာထိုင်ပြီးအလင်းကိုထိုင်ကြည့်နေပြန်သည်။သူ့ဘက်ကဘာမှမပြောလာသေးဘဲ အရက်ခွက်ထဲကရေခဲတွေကိုထိုင်ကြည့်နေပြန်လို့အလင်းလည်းအသံမထွက်ဘဲငြိမ်ပြီးထိုင်နေရပေမယ့် ရင်တွေကတဒိန်းဒိန်းခုန်နေသည်။
YOU ARE READING
'' အဖြည့်ခံ '' (Complete)
Romanceအဖြည့်ခံရဲ့သွေးသားကိုငါမလိုချင်ဘူး..ငါလိုချင်တာ ငါ့ချစ်သူနဲ့ရတဲ့ရင်သွေး။