/42/

8.9K 671 93
                                    


Part 42

သဏ္ဍန်ပဲခူးမှာဝေယံနဲ့ပြသနာတက်လို့ အချုပ်ခန်းထဲရောက်သွားခဲ့ပြီးနောက် ရဲစခန်းမှာဝန်ခံကတိရေးထိုးပြီးပြန်ထွက်လာစဥ် သဏ္ဍန့်ကားနားမှာ ရပ်နေတဲ့ကောင်လေးတစ်ယောက်။

သဏ္ဍန်ကတော့ စိတ်ဓာတ်အတော်ကျနေတာကြောင့်ကားပေါ်အရင်တက်နှင့်လိုက်ပြိးအလင်းကိုဘယ်လိုဆက်ရှာရမလဲအကြံထုတ်နေစဥ် စည်သူကတော့ ဟိုကောင်လေးနဲ့စကားပြောနေသည်။

'ဒီကညီလေး ဘာကိစ္စရှိလို့လဲ'

'အကိုတို့ရှာနေတာ ဒီတစ်ယောက်လား'

ထိုကောင်လေးကသူ့ဖုန်းထဲက ပုံကိုပြလို့စည်သူကြည့်လိုက်တော့ အလင်းနဲ့အငယ်နဲ့ပုံဖြစ်နေသည်။အလင်းနဲ့အငယ်နဲ့က ကားအကောင်းစားကြီးတစ်စီးပေါ်တက်သွားတာ။ဘယ်သူလာခေါ်သွားတာလဲ။

'ညီ ခဏ'

စည်သူကထိုကောင်လေးဖုန်းကိုယူကာ ဆရာ့ကိုပြလိုက်တော့ ဆရာကကားပေါ်ကအမြန်ပြေးဆင်းလာသည်။

'မင်းဒီပုံဘယ်ကရတာလဲ'

'အဲ့ဒီတစ်ယောက်က ကားဂိတ်လိုက်ပို့ခိုင်းလို့လိုက်ပို့ပေးတာ ယောကျားလေးဖြစ်ပြီးလှလွန်းလို့ဓာတ်ပုံရိုက်ထားလိုက်တာဗျ ကျွန်တော်သူ့ကိုလိုက်ပို့ပြီးပြန်လာတော့ အကိုတို့ရန်ဖြစ်နေတာတွေ့လို့ အဲ့ဒီတစ်ယောက်ကိုလိုက်ရှာနေတယ်ထင်လို့သတင်းပေးဖို့လိုက်လာတာဗျ'

'မင်းက ဘယ်သူ့ကိုသတင်းပေးဖို့လိုက်လာတာလဲ'

'အကို့ကိုပါပဲ..အကို့ကလေးပါသွားတယ်ပြောလို့'

'မင်းဆုံးဖြတ်ချက်မှန်းသွားပြီကောင်လေး..ကောင်းကောင်းကျေးဇူးဆပ်မယ်..လိုချင်တာသူ့ကိုပြောလိုက်..သူ့ကိုဘယ်ဂိတ်ပို့ခဲ့တာလဲ'

ထိုကောင်လေးပြောတဲ့နေရာကို သဏ္ဍန်တို့လိုက်လာခဲ့သည်။ကံကောင်းချင်တော့ထိုဂိတ်ရှေ့က စားသောက်ဆိုင်မှာcctvရှိတာကြောင့် အလင်းတို့ကိုလာခေါ်သွားတဲ့ကားနံပါတ်ကိုစုံစမ်းနိုင်ခဲ့သည်။အလင်းကို သူတို့ခေါ်သွားတာသိနေရက်နဲ့ကိုခုချိန်ထိအလင်းနဲ့တွေ့ခွင့်မရ။အလင်းကသူ့သက်ဆိုင်သူပါဆိုပြီး ဇွတ်လုပ်ရအောင်ကလည်း ဘာအထောက်အထားမှမရှိလို့ ကိုဝေဟင်စောင့်ခိုင်းတဲ့ရက်ထိစောင့်နေရတာ အတော်ကြာပြီ။အလင်းနဲ့တွေ့ရမယ့်ရက်ကိုစောင့်နေစဥ်မှာပဲ ရှိူင်းထက်အောင်ကို အခုနေနေတဲ့အိမ်ရောနစ်နာကြေးရောလုံလုံလောက်လောက်ပေးပြိး ကွာရှင်းပေးလိုက်ပြီ။သဏ္ဍန်ကတော့ အလင်းအငွေ့အသက်တွေကျန်နေသေးတဲ့မှော်ဘီအိမ်မှာပဲ အလင်းကိုတမ်းတရင်းနေနေရတာ ကြာပြီ။အလင်းကိုမတွေ့ရလို့အလင်းပုံလေးများတွေ့ခွင့်ရှိမလား ကိုဝေဟင့်ကိုအပူကပ်သော်လည်း ကိုဇေ့ကိုကြောက်တဲ့ကိုဝေဟင့်ကြောင့် ဘာမှကိုမေးလို့တောင်းလို့မရခဲ့။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now