/17/

8.2K 446 19
                                    


'ကိုရီး တာ့တာ '

အငယ်နဲ့အထွေးက ဆိုင်ကယ်ပေါ်ကနေ လက်ကလေးတွေပြပြီး ကျောင်းသို့ထွက်သွားတာကို အလင်းခြံပေါက်ဝကနေမျက်စိတစ်ဆုံးထွက်ကြည့်ပြီးမှ အိမ်ထဲပြန်ဝင်လာခဲ့သည်။ နာရီကြည့်လိုက်တော့ ၉နာရီထိုးတော့မည်။အကိုခုထိမနိုးသေးတာလား။အစောပဲထပြန်သွားတာလား။အလင်းညကသူ့အခန်းထဲမှာပဲအိပ်ပျော်သွားတာကြောင့်မနက်က၄နာရီလောက်ကမှကိုယ့်အခန်းကိုပြန်လာခဲ့ရတာ။ရင်ဘတ်တွေလည်းအထိမခံနိုင်လောက်အောင်ကျိန်းစပ်နေလို့ရေနွေးဝတ်ကပ်ထားရသေး။အကို့အခန်းတံခါးကိုအသာလေးဖွင့်ကြည့်တော့အကိုက ကုတင်ပေါ်မှာတခူးခူးနဲ့အိပ်ပျော်နေဆဲမလို့ မနက်စာအာဟာရပြည့်ပြည့်စားလို့ရအောင် အလင်းချက်ပြုတ်နေရင်း ဖုန်းဝင်လာသည်။

'ဟုတ်ကဲ့အကိုဇေ'

'အလင်းဖုန်းပြောလို့ရလား..အားရဲ့လား'

'ဟုတ်ပြောလို့ရပါတယ်အကို'

'အထွေးကို speaking သင်ပေးဖို့ကိစ္စလေ '

'ဟုတ်..အထွေးပြောတယ်အကို '

'အဲ့ဒါအလင်းဘက်ကဘယ်လိုသဘောရလဲ..အလင်းသဘောတူရင်အထွေးကိုအိမ်ခေါ်ထားပြီးသင်ပေးဖို့ထိအကိုစီစဥ်ထားတယ်'

'အာ..အားနာစရာအကို..'

'ကလေးတွေရဲ့ပညာရေးနဲ့ပတ်သတ်ရင်အားမနာနဲ့..အလင်းက အထွေးကိုကိုယ်တို့အိမ်မှာစိတ်ချတယ်ဆိုရင် အကိုချက်ချင်းလာခေါ်ပေးမယ်..တစ်ပတ်ကို၃ရက်ပဲသင်မှာ..zoomနဲ့သင်လို့ရတယ်ဆိုပေမယ့် ဆရာနဲ့အနီးကပ်သင်စေတာပိုထိရောက်တယ်လေ'

'ဟုတ်ကဲ့အကို'

'အထွေးသာ စိတ်ပါတယ်ဆိုရင် တခြားlanguageတွေလည်းသင်ပေးဖို့စီစဥ်ထားတယ်..ဖိုးဒီကလည်းအထွေးသာသင်မယ်ဆိုသူလည်းသင်မှာ..သင်တန်းကြေးတွေဘာမှအလင်းမပူနဲ့အကို့တာဝန်ထား..အထွေးကိုဖိုးဒီတို့ကျောင်းမှာပဲပြန်အပ်မယ်ဆိုလည်းအကို့အိမ်ကနေ ကျောင်းတက်လို့ရတယ်..အကိုအားလုံးတာဝန်ယူတယ်'

'ကျေးဇူးပါအကို..အကို့ဘက်ကအစစအရာရာအားလုံးအဆင်ပြေအောင်စီစဥ်ပေးထားတာနဲ့တင်ကျေးဇူးတွေများနေပါပြီ။အထွေးကိုပြောလိုက်ပါ့မယ်..အထွေးကကျွန်တော်နဲ့တစ်ခါမှမခွဲဖူးတော့ သူလက်ခံပါ့မလားပဲ..ကျွန်တော်ပြောကြည့်လိုက်ပါ့မယ်အကို..'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now