/24/

7.4K 447 24
                                    


Part 24

အလင်းတို့မောင်နှမတွေ အိမ်ရှေ့က ပန်းခြံထဲဆင်းပြီးအလုပ်ရှုပ်နေကြခြင်းး။
အလင်းနဲ့ဖိုးသားကပန်းအိုးတွေဟိုရွှေ့သည်ရွှေ့။အငယ်နဲအထွေးက အလင်းနှုတ်ခိုင်းထားတဲ့မြက်သေးသေးတွေနှူတ်နေကြရင်းး ကောင်းကင်ပေါ်လေယာဥ်တစ်စီးကပျံသန်းသွားသည်။

'ကိုရီးး..လေမြန် လေမြန်'

အငယ်ကလေယာဥ်ပျံကိုလက်ညှိုးထိုးပြီး
မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးတော့မှ..

'ကိုရီးး..လေမြန်ထဲမှာ ဦးဏ္ဍန်ပါလား'

'အင်း..ပါတာပေါ့'

'မင်းကိုတောင် လက်ပြသွားသေးတယ်လေ ငယ်လေးမြင်လိုက်ဘူးလား'

ဖိုးသားက ပန်းအိုးအသစ်ထဲမြေဆွေးထည့်နေရင်းလှမ်းစတော့ အငယ်ကခေါင်းရမ်းပြပြီး

'သားမြင်လိုက်ဝူးး..ကိုရီးရောမြင်လိုက်လား..မမရော'

အလင်းတို့က အငယ့်ကိုစချင်တာကြောင့်အထွေးနဲ့အကြည့်ချင်းညှိလိုက်ကြသည်။

'မြင်လိုကိတယ်..ဦးသဏ္ဍန်ကလက်လှမ်းပြသွားတာ..အငယ်ပဲမမြင်လိုက်တာ'

'ဟွန့်....ဦးဏ္ဍန်ကသားကိုမချစ်လို့လက်မပြတာ..မမတို့ကိုပဲပြသွားတာ..ဥိးဏ္ဍန်ပြန်လာရင်ခေါ်တော့ဘူး..'

အငယ်ကနှူတ်ခမ်းဆူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ အိမ်ထဲဝင်သွားလို့ အလင်းလိုက်ချော့ရသေး။ အငယ့်ကို စ လိုက်တာပေမယ့်အကို့ကိုစိတ်ခုသွားမှာမလိုလား။

'အငယ်...ကိုရီးတို့လည်းမမြင်ဘူး..အငယ့်ကို စ နေကြတာ'

'မမရော ကိုရီးဖိုးသားရောမြင်တာကို'

'သူတိူ့လည်းမမြင်ဘူး..အငယ့်ကိုစနေကြတာ လေယာဥ်ပျံက အမြင့်ကြီးမှာပျံနေရင်တံခါးဖွင့်လို့မရဘူးလေ အဲ့တော့ဦးဏ္ဍန်ကဘယ်လိုလုပ်လက်ပြတတ်မှာလဲ..အထွေးတို့ကအငယ့်ကို စနေတာ ကိုကြီးပြောတာယုံပြီလား'

'ဟုတ် သားလည်းဦးဏ္ဍန်လို လေမြန်စီးချင်တယ်'

အလင်းက အငယ့်ကိုရေချိုးခန်းထဲခေါ်သွားပြီးခြေလက်ဆေးပေးရသည်။မြက်နှုတ်တာနည်းနည်း ဆော့တာများများမလို့ အငယ်ကပေတလူးလေး။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now