/23/

7.9K 425 25
                                    

Part 23

အလင်းစကားဆုံးအောင်ပြောခွင့်မရလိုက်ဘဲ အကို့ရဲ့ဆွဲဖက်ခြင်းကိုခံလိုက်ရသည်။

'အကို'

အလင်းက ရုန်းတော့ အကိုက ကျစ်နေအောင်ဆွဲဖက်ထားပြီးအလင်းခေါင်းနောက်ကိုသူ့လက်ဖဝါးအကြီးကြီးနဲ့အုပ်ကိုင်ကာ သူ့ရင်အုံပေါ်ဆီဆွဲကပ်ပြစ်ပြီး အလင်းဆံပင်တွေထဲ မျက်နှာအပ်ထားပြီးငြိမ်နေပေမယ့် အကို့အသက်ရှူသံတွေပြင်းထန်နေတာအလင်းအနီးကပ်ခံစားနေရသည်။ကျစ်နေအောင်အဖက်ခံထားရတာ
ကြောင့် ရုန်းမရတော့လို့ အကို့ရင်ဘတ်ပေါ်အလင်းနဖူးအပ်လိုက်ရင်းမျက်လုံးမှိတ်ထားလိုက်တော့ ထိန်းချုပ်ဟန်ဆောင်ထားရတဲ့ဝမ်းနည်းစိတ်တွေကတဖန်ပြန်ရုံးကြွလာလို့ အကို့ခါးကိုပြန်လည်သိုင်းဖက်လိုက်ရင်း အလင်းတိတ်တဆိတ်မျက်ရည်ကျမိသည်။

(အလင်းမကောင်းဘူးအကို..ပိုင်ရှင်ရှိတဲ့လူကိုမှအလင်းက တွယ်တာနေမိတာ ၊အားကိုးနေမိတာ၊အရေးကြုံရင် အကို့ကိုအနားမှာရှိစေချင်မိတာ...လို​လေသေးမရှိဖြည့်ဆည်းပေးနေတာတွေထက် အကို့ဆီကအကြင်နာမေတ္တာတွေက်ိုထပ်ပြီး
မျှော်လင့်နေမိတာ..မဖြစ်သင့်ဘူးဆိုတာသိလို့ အလင်းခံစားချက်တွေကိုထိန်းချုပ်နေရတာ အကို့ကိုဖုန်းမဆက်ဖြစ်အောင်ကြိုးစားနေရတာ တကယ်ပင်ပန်းတယ်အကို)

'အင့်..'

အလင်းစိတ်ထဲကစကားတွေပြောနေပြီး ထိန်းမရလို့ငိုလိုက်မိတာ အသံထွက်သွားတော့ အကိုကအလင်းမျက်နှာကိုလက်နှစ်ဖက်နဲ့ပင့်ယူပြီး ဆက်တိုက်စီးကျနေတဲ့မျက်ရည်တွေကိုသုတ်ပေးသည်။

'ဘာလို့မပြောတာလဲ..အငယ်ဆေးရုံတက်ရတဲ့ကိစ္စငါ့ကိုဘာလို့မပြောတာလဲ'

'ဟင်..အကိုဘယ်လိုသိသွားတာလဲ'

'ငါမေးတာဖြေ..ဘာလို့မပြောတာလဲ..စာပို့ထားတာလဲစာမပြန်ဘူး'

'အလင်းတို့ကြောင့် အလုပ်မရှုပ်စေချင်လို့ပါ အငယ်ကလည်းသက်သာနေပါပြီ'

'နောက်ဆို ဘာကိစ္စပဲရှိရှိငါ့ကိုအရင်ပြော ငါမင်းတို့မောင်နှမ၃ယောက်လုံးကို ငါ့မိတ်ဆွေရင်းတွေလိုသဘောထားတာမလို့ ဘာမှအားနာစရာမလိုဘူး ငါပြောတာသဘောပေါက်လား'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now