/29/

8.4K 453 44
                                    

'ထွန်းသစ် သူဌေးခေါ်နေတယ်'

ထွန်းသစ် ဆိုင်က အသစ်ဝင်လာတဲ့အလုပ်သမားလေးတွေကို လုပ်ငန်းအကြောင်းတွေသင်ပေးနေစဥ် သူဌေးခေါ်လို့ အပြေးသွားရသည်။အားလုံးထဲမှာထွန်းသစ်ကိုလုပ်ငန်းအတွေ့အကြုံရှိသူမလို့လစာအမြင့်ဆုံးပေးထားတာကြောင့် ထွန်းသစ်သူဌေးခေါ်တယ်ဆို ပြာနေအောင်ပြေးရသည်။

'သူဌေး ကျွန်တော်ရောက်ပါပြီ'

'သူဌေးမခေါ်ပါနဲ့ကွ မင်းကလည်း ရင်းရင်းနှီးနှီးနေစမ်းပါ'

'ဟုတ်ကဲ့ အကို ဘာခိုင်းစရာရှိလဲဗျ'

အကိုက သူ့အလုပ်စားပွဲတွင်ထိုင်နေရာမှ အလုပ်စားပွဲရှေ့ကဆက်တီခုံတွေဆီရောက်လာပြီး

'ထိုင်အုံး ထွန်းသစ် ပြောစရာရှိလို့'

'ဟုတ်ကဲ့'

နှစ်ယောက်သားမျက်နှာချင်းဆိုင်ဝင်ထိုင်ကြပြီးမှ

'ဖိန်းနွဲခါ အကို့မွေးနေ့ ၊ ဆိုင်မှာ အရုဏ်ဆွမ်းကပ်မယ် ဆိုင်ကအလုပ်သမားတွေကို မုန့်ဖိုးပေးပြီး နေ့ချင်းပြန်ခရီးတစ်ခုလိုက်ပို့မယ် ညကျရင် birthday cakeခွဲဖ်ို့ မန်နေဂျာနဲ့တိုင်ပင်ထားတယ်'

'ဟုတ်ကဲ့'

'အဲ့ဒီshort tripကိုရော Birthdaycake ခွဲမယ့်ပါတီမှာရော အလင်းကိုရှိနေစေချင်တယ်။အကိုကလည်းဖိတ်မှာဆိုပေမယ့် ထွန်းသစ်ကူညီပေးစေချင်တယ်။ အကိုအလင်းကိုအပျော်ကြံတာမဟုတ်ဘူး အတည်ဆိုတာ ထွန်းသစ် သိမယ်ထင်တယ်'

'ဟုတ်ကဲ့'

'ဘယ်လိုလဲ ကူညီပေးနိုင်မလား..အလင်းကိုဖိတ်သာဖိတ်ရတာ အလင်းကကိုယ့်accတောင်လက်ခံမပေးဘူးကွာ..သူ့ကိုတွေ့ဖို့ခက်လို့ သူ့လှုပ်ရှားမှူလေးတွေစောင့်ကြည့်ချင်တာတောင်ကြည့်ခွင့်မရတဲ့အခြေအနေဖြစ်နေတယ်'

'အလင်းက social သိပ်မသုံးဘူးအကို အကိုaddထားတာသူသိချင်မှာသိမှာ'

'အင်းးး... ကိုယ့်personal caseထိ ထွန်းသစ်ကိုအကူအညီတောင်းရတာလဲအားနာလို့ အလင်းကိုတွေ့ချငိလို့အိမ်ရှေ့သွားချောင်းတော့လည်းအရိပ်အယောင်တောင်မတွေ့ရဘူးကွာ..ဖုန်းခေါ်လည်းမကိုင် စာပို့လည်းစာမပြန် အလင်းမှာသက်ဆိုင်သူများရှိနေလားထွန်းသစ်'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now