/10/

8.5K 463 26
                                    


အလင်း အကျီအမြန်ဝတ်ပြီး ဧည့်ခန်းကိုပြန်ထွက်လာတော့ အကိုကမရှိတော့တာကြောင့် အထွေးနဲ့အငယ့်ကိုအခန်းထဲကထွက်မလာဖို​့ သတိပေးပြီးကိုသစ်ထူးအခန်းထဲဝင်လာခဲ့သည်။ကိုသစ်ထူးကို ဒေါက်တာခန့်ကိုက စစ်ဆေးပေးနေတာကို အကိုကလက်ပိုက်ပြီးဘေးကနေရပ်ကြည့်နေတာ အလင်းဝင်လာတော့ အလင်းကိုတချက်လှမ်းကြည့်ပြီး သူ့အာရုံက ကိုသစ်ထူးဆီပြန်ရောက်သွားတော​့ အလင်းက အခန်းထောင့်မှာပဲကျုံ့ကျုံ့လေးရပ်နေလိုက်တော့သည်။

'အလင်း..ညစာဘာချက်လဲကွ'

'ဟင်းရွက်စုံကြော် ငါးခြောက်ကင်နဲ့ ငါးချဥ်သုပ်ထားတယ် ဒေါက်တာ'

'သွားရည်တောင်ကျချင်လာပြီ'

'စားသွားပါလားဆရာ..'

'သဏ္ဍန်..ငါတို့ညစာစားပြီးမှပြန်မလား..အလင်းဟင်းချက်လက်ရာရှယ်ကောင်းတာ'

'ငါဒီည ဒီမှာအိပ်မှာ..ရှင်သန်လင်း အခန်းပြင်ထားပေး'

'ဟုတ်ကဲ့အကို..ညစာလည်းပြင်ထားလိုက်ပါမယ်'

ရှင်သန်လင်းက အခန်းထဲကထွက်သွားတော့မှ..

'ခန့်ကို..သူ့အခြေအနေ'

'ထူးမလာဘူး..ဒီတိုင်းပဲသွားတော့မလားပဲ'

'ကံပေါ့..ဘယ်တတ်နိုင်မလဲ..ငါလည်းသူ့အတွက်တော်တော်ကုန်နေပြီ'

'မင်းသူ့ကိုတကယ်ပြန်ကောင်းစေချင်ရဲ့လားသဏ္ဍန်'

'မကောင်းစေချင်ရင်ငွေကုန်ခံနေမလားကွ..'

'သူသာပြန်ကောင်းလာရင် ရှိုင်းကိုမင်းးလက်လွှတ်ပေးရမယ်ထင်တယ်'

'အဲ့လိုလုံးဝမဖြစ်စေရဘူး..သူပြန်ကောင်းလာတာနဲ့ငါသူ့ကိုဒီမှာဆက်မထားဘူး..ငါ့planနဲ့ငါရှိတယ်..ရှိခဲ့ဖူးတဲ့သံ​ယောစဥ်ကြောင့်ကု
ပေးဖို့တာဝန်ရှိတယ်ထင်လို့ ကုပေးနေရုံပဲ'

'အေးပါ..မင်းသဘော..ငါကမင်းခိုင်းတဲ့အတိုင်းလုပ်ပေးတာပဲတတ်နိုင်မှာ..ညစာစားရအောင်..ငါဗိုက်ဆာနေပြီ..အလင်းရဲ့ဟင်းချက်လက်ရာတကယ်မိုက်တာ..'

'မင်းပြန်မှာလား'

'စားပြီးမှပြန်မှာ'

'ငတ်ကိုငတ်တယ်..'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now