/39/

9.4K 571 117
                                    

Part 39

ထွန်းသစ်နဲ့ချိန်းထားတဲ့အချိန်နီးကပ်လာလေ အလင်းရင်တွေခုန်လာလေ။ဒီတစ်ခါထွက်သွားခြင်းက အကို့လောင်းရိပ်အောက်ကအပြီးထွက်သွားခြင်းမလို့ ရင်ထဲနေလို့မကောင်းပေမယ့် ကလေးလေးအသက်ရှင်ဖို့ အလင်းထွက်သွားမှရမှာမလို့ အကိုအလင်းကိုနားလည်ပေးပါ။ဖြစ်နိုင်ရင်အလင်းက အကို့အရိပ်အောက်မှာ ဘယ်နေရာမှာပဲနေရနေရတွယ်ကပ်ပြီး နေချင်သေးတာ။အလင်းပိုက်ဆံတွေကို အထပ်ထပ်ထုတ်နေစဥ် ထွန်းသစ်ဆီကဖုန်းဝင်လာသည်။ထွန်းသစ်နဲ့ချိန်းထားတာ ၁၁နာရီ။အခုထွန်းသစ်ဖုန်းခေါ်နေတာ ၁၀နါရီပဲရှိသေးသည်။

'အင်းးး..ထွန်းသစ်'

'အလင်းး..ငါမင်းနေတဲ့အိမ်နားမှာရောက်နေပြီ..မင်းနဲ့အငယ်နှစ်ယောက်တည်းလာမှာစိတ်မချလို့ငါလာခေါ်တာ..ကားလဲငှားလာခဲ့ပြီ။ထွက်လို့အဆင်ပြေတယ်ဆိုထွက်လာခဲ့တော့'

'အေးပါ..ခဏလေး..ငါဖိုးသားအိပ်ပြီလားကြည့်လိုက်အုံးမယ်'

အလင်းအခန်းတံခါးကိုဖြေးဖြေးဖွင့်ပြီးဖိုးသားအိပ်တဲ့ကုတင်ကိုလှမ်းကြည့်တော့ ဖိုးသားကမအိပ်သေးဘဲဖုန်းကြည့်နေသည်။

အလင်းတံခါးကိုအသာပြန်ပိတ်လိုက်ပြီး

'ထွန်းသစ် ခဏစောင့်ပေးအူံး..ဖိုးသားမအိပ်သေးလို့'

'အေး ရတယ်..ငါကားထဲမှာပဲစောင့်နေတာ..မင်းအဆင်ပြေမှထွက်ခဲ့'

ထွက်လာရင် missed callပေးလိုက်'

'အေးအေး..ကျေးဇူး​ငါ့သယ်ရင်းလေး'

'ကျေးဇူးကိုနောက်မှတင်..မင်းနဲ့ငါလူချင်းတွေ့ရင်စာရင်းရှင်းအုံးမှာ'

'အေးပါ..ငါမငိးကိုအကုန်ပြောပြမှာ'

ထွန်းသစ်ဖုန်းချသွားမှ ကျောပိုးအိတ်နဲ့ယူမယ့်ပိုက်ဆံသေချာပြန်စစ်ပြီး ဖိုးသားအိပ်မအိပ်သိရအောင် အပြင်ကိုရေထွက်သောက်လိုက်...အိမ်သာသွားလိုက်..ကိုသစ်ထူးဆီတက်သွားပြီးကြည့်လိုက်နဲ့ စိတ်တွေလှုပ်ရှားနေတာ ဒူးတွေတောင်တုန်ချင်သည်။

ကိုသစ်ထူးအခန်းဆီသွားပြီး ကိုသစ်ထူးဘေးနားထိုင်ကာ လက်တစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်ရင်းနှုတ်ဆက်စကားပြောရသည်။ကိုသစ်ထူးကိုပြုစုပေးခဲ့တဲ့အချ်န်ကာလတိုတောင်းပေမယ့် အလင်းသံယောစဥ်ရှိပါသည်။အခုလိုထားခဲ့ရတာစိတ်မကောင်းပေမယ့်လည်း..

'' အဖြည့်ခံ '' (Complete)Where stories live. Discover now