/33/

8.5K 471 27
                                    

Part 33

ရှိုင်းထက်အောင်ပို့ထားတဲ့စာကို ၃ကြိမ်တိတိဖတ်ပြီးမှ message ကို deleteလုပ်ပြစ်လိုက်သည်။သူကစလို့ဖြစ်လာတဲ့ကိစ္စကို သူနဲ့မရှင်းဘဲ ရှင်သန်လင်းကိုတွေ့ဖို့ခေါ်တာ ရှိုင်းထက်အောင်မဟုတ်သလိုပဲ။

မင်းကဇာတ်လမ်းတွေထဲကလို ငါ့ယောကျားနဲ့ဆက်မပတ်သတ်နဲ့ဘာညာပြောမယ့်လူမျိူးမဟုတ်တာတော့သိတယ်။ဘာအတွက်တွေ့ချင်တာလဲ..။သူ့အလိုလိုတောင်စိတ်ထိခိုက်ဝမ်းနည်းနေတဲ့သူကို ရှိုင်းထက်အောင်နဲ့မတွေ့စေချင်ဘူး။
ရှိုင်းထက်အောင်ကရှင်သန်လင်းရဲ့ဖုန်းကိုတောင်သိနေပြီဆိုတော့ နေတဲ့နေရာကိုလည်းသိနေလောကိပီ။ဝေယံသိမှတော့ ရှိုင်းထက်အောင် သိတာမဆန်း။

ဒါပေမယ့် ရှင်သန်လင်းနဲ့သူနဲ့ပတ်သတ်နေတာကို ရှိုင်းထက်အောင် ဘယ်လိုသိသွားတာလဲ..။ချက်ချင်း ရှင်သန်လင်း ဖုန်းထဲက ရှင်သန်လင်းရဲ့accကို ဖွင့်ကြည့်လိုက်တော့ ရှင်သန်လင်း က
ရှိုင်းထက်အောင် ကိုfollowထားတာ။ ဝေယံကလည်းရှင်သန်လင်းကို fri addထားတာပဲ။ ဝေယံက ရှင်သန်လင်း accကိုသိသွားမှ​တော​့ ရှိုင်းထက်အောင် သိပြီပေါ့။သူက ရှင်သန်လင်းcvကို reactပေးလိုက်မိတာကနေ သိသွားတာဖြစ်မည်။စိတ်ချမ်းသာစရာအချက်ကရှင်သန်လင်းက ဝေယံ့ accကိုconfirm မလုပ်ပေးထားသေး။

(အဟွန်းး...ရှင်သန်လင်းက လိမ္မာတယ်)

ဝေယံ့ accကို confirmမလုပ်ပေးဘဲ deleteကိုနှိပ်လိုက်ပြီးနောက် ရှိုင်းထက်အောင်ကိုရော ဝေယံ့ကိုပါ တစ်ခါတည်းblockပေးခဲ့လိုက်ပြီး ရှင်သန်လင်း လက်ခံမပေးသေးတဲ့ သူ့accကို confirmလုပ်ပြစ်လိုက်ကာ သဏ္ဍန်ကျေကျေနပ်နပ်ပြုံးလိုက်မိသေး။

(မင်းလက်မခံလည်း ငါ့ဘာသာလက်ခံတယ်..ရှင်းရော)

ထိုစဥ် ရှင်သန်လင်းကို ထွန်းသစ်ကဖုန်းခေါ်ပြန်သည်။

'ဒီကောင် ဝေယံနဲ့အောင်သွယ်နေတာ၊ ရှင်သန်လင်းကငါ့အပိုင်ဖြစ်နေပြီမလို့ ဘယ်ကောင်နဲ့မှအောင်သွယ်စရာမလိုဘူး..အောင်သွယ်တဲ့လူ ၊သူ့အနားကပ်တဲ့လူငါ့ရန်သူပဲ'

ထွန်းသစ်ဖုန်းကို မကိုင်ဘဲချပြစ်လိုက်ပြီး စာတစ်စောင်ပို့လိုက်သည်။ကလေးဆန်ချင်လည်းဆန်ပစေတော့..။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now