/16/

8K 416 17
                                    

'အကိုလေး အောက်ထပ်မှာဧည့်သည်ရောက်နေပါတယ်'

'ဘယ်သူလဲ မတုတ်'

'အကိုလေးတို့သူငယ်ချင်းလို့ပြောပါတယ်'

'မင်းသဏ္ဍန်မရှိဘူးလို့ပြောလိုက်ပါ'

ရှိုင်း ပန်းချီဆွဲနေပြီဆိုလျှင် ဘယ်ဧည့်သည်လာလာဆင်းမတွေ့တတ်။

'ကျွန်မပြောပါတယ်..အကိုလေးနဲ့တွေ့ချင်တယ်ပြောနေပါတယ်'

'ကျစ်စ်...လာခဲ့မယ်..ခဏစောင့်ပေးလို့'

'ဟုတ်ကဲ့'

မတုတ်အောက်ထပ်ကိုဆင်းသွားတဲ့အသံကြားပြီး ၁၅မိနစ်လောက်နေမှ ရှိုင်း အောက်ထပ်ကိုဆင်းသွားတော့ ဧည့်ခန်းထဲမှာတွေ့လိုက်ရသူကြောင့်
ရှိုင်းထိုလူရှိရာအပြေးသွားလိုက်တော့သည်။

'ဝေယံ'

'ငရှိုင်းး'

မတွေ့ကြတာကြာပြီမလို့ နှစ်ယောက်သားပွေ့ဖက်နှုတ်ဆက်ကြရင်းးးး

'မတုတ်..ကော်ဖီခါးခါးတစ်ခွက်ဖျော်ခဲ့ပေးပါ'

'ဟုတ်ကဲ့အကိုလေး'

'မင်းဘယ်တုန်းကပြန်ရောက်လဲ'

'တစ်ပတ်လောက်တော့ရှိပြီ..မင်းတိူ့ဆီလာဖို့အခုမှအချ်န်ရလို့..သဏ္ဍန်ရော'

သဏ္ဍန့်ကိုမေးတော့မှ ရှိုင်းနာရီကြည့်လိုက်တော့ ညနေ၆နာရီ။

'ကုမ္ပဏီမှာပဲနေမှာပေါ့'

'မင်းတိူ့ဘယ်လိုဖြစ်သွားတာလဲ..သစ်ထူးကရော..ဘယ်ရောက်နေလဲ'

'မနက်ဖြန်မင်းအားလား'

'အားတယ်'

'မနက်ဖြန်ကျမှအေးအေးဆေးဆေးပြောပြမယ်..မင်းအခုဘယ်မှာနေလဲ..ဘာလုပ်နေလဲ'

'ငါမှော်ဘီမှာ အရင်းစုမိလာလို့ဟိုမှာကတည်းက စားသောက်ဆိုင်ဖွင့်ဖို့စီစဥ်ထားတာကြာပြီ..ငါပြန်ရောက်တော့မှ ချက်ချင်းဖွင့်လိုက်တာ..မင်းလိုက်လည်အုံး..'

'စွံပြီလားမင်း'

'အဟွန်းးး...Lonely ပဲ..မင်းအားရင် အပြင်သွားရအောင်..မသောက်ရတာကြာပြီ'

'သွားမယ်လေ..ငါလည်းဘယ်မှမသွားဖြစ်တာကြာပြီ'

'သဏ္ဍန့်ကိုလည်းခေါ်ရအောင် ဖုန်းနံပါတ်ပေးအူံး'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now