/31/

9.3K 460 28
                                    


Part 31

(ဖျောက်.... ဖျောက် ... ဖျောက်.. ဖျောက်...)

မိုးရာသီမဟုတ်ဘဲ မိုးကတစ်ညလုံးတစ်စိမ့်စိမ့်ရွာနေတာ ခုထိမတိတ်သေး..ရာသီဥတုကအေးစိမ့်နေပြီး အိပ်ယာထဲကမထဘဲ ကွေးနေလို့ကောင်းတဲ့ရာသီဥတုပေမယ့် အလင်းကတာဝန်တွေရှိသေးတာမလို့ မထလို့မရတာသိပေမယ့်မျက်လုံးတွေကဘယ်လိုမှဖွင့်လို့မရ။

အိပ်ရတာ မနက်၄နာရီလောက်မှဆိုတော့ အိပ်ရေးမဝသေးပေမယ့်လည်းး ထရအုံးမည်။ကျစ်နေအောင်ဖက်ထားခြင်းခံနေရတဲ့ရင်ခွင်ဆီကအသာရုန်းထွက်တော့ အောက်ပိုင်းတစ်ပိုင်းလုံးက နေကျင်နေသည်။

'အာ့...ကျွတ်ကျွတ်'

'ဘယ်လဲ...ပြန်အိပ်အုံး'

မသိမသာရုန်းနေတဲ့အလင်းကို အကိုကပြန်ဆွဲဖက်လိုက်တော့ အလင်းက အကို့ရဲ့သန်မာတောင့်တင်းနေတဲ့ဘယ်ဘက်လက်ပေါ်ကကြွက်သားတုံးကြီးပေါ်ခေါင်းအူံးထားသလိုဖြစ်သွားပြီးမျက်နှာတစ်ခြမ်းက အကို့ရင်ဘတ်နဲ့ကပ်နေသည်။အကိုက အလင်းလက်ကိုဆွဲယူကာ သူ့ခါးကိုဖက်စေပြီး စောင်ကိုနှစ်ယောက်လုံးလုံအောင်ဆွဲခြုံလိုက်သည်။

'အကို..အလင်းထမှရမယ်'

'ကလေးတွေမှမရှိတာ ဘာထလုပ်မလို့လဲ'

'ကိုသစ်ထူးကို'

'နောက်မှ အိပ်အုံးစောသေးတယ် အေးတယ်'

အကိုက အလင်းခါးကိုဆွဲဖက်လိုက်တော့ အကိုနဲ့အလင်းနဲ့ကြား လေတိုးလို့တောင်မရတော့။အကိုကအလင်းနဖူးကိုဖွဖွငုံ့နမ်းပြီး ကျောပြင်တွေကိုလက်နဲ့ဖွဖွပွတ်သပ်ပေးနေတော့ အလင်းမျက်လုံးမှိတ်ထားပြီးငြိမ်နေလိုက်သည်။

'တအားနာနေသေးလား..'

'နည်းနည်းပါ'

'ဒီနေ့ဘာမှမလုပ်နဲ့..ဆိုင်ကမှာစားမယ်'

'အကိုက ရန်ကုန်မပြန်ဘူးလား'

'ဒီမှာ ၂ရက်လောက်နေအုံးမယ်'

'ဟုတ်'

'ညကကောင်းရဲ့လား..အဟွန်းး..ကောင်းလားမကောင်းလားတော့မသိဘူး..ရှင်သန်လင်းအော်တာ အဆိုတော်တောင်အရှုံးပေးရတယ်ကွာ...ဟားးးး'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now