/27/

8.1K 469 46
                                    


'ဟားးး....ဟားးး...ဟားးးး....'

'ရှိုင်းထက်အောင် မင်းမရယ်နဲ့...အားးး.....'

ရှိူင်းထက်အောင်က မင်းသဏ္ဍန်အဖြစ်ကိုကြည့်ပြီး ဒူးတွေညွတ်ကွေးကျသွားတဲ့ထိ ဗိုက်ကိုဖိနှိပ်ပြီးရယ်တော့ သဏ္ဍန်ဒေါသတွေထွက်ပြီးနံရံကိုလက်သီးနဲ့ထိုးတော့ သွေးတွေဖြာကနဲ။ဒါတောင်ဟိုကောင်က ရယ်လို့ကောင်းတုန်း။

'ငါမပြောဘူးလားမင်းသဏ္ဍန်..ဆေးစစ်တာမင်းစစ်သင့်တာလို့...ဟားးးးးး....ဟားးးး'

သဏ္ဍန်လှောင်ရယ်ခံနေရတာ ရှက်လာလို့ ရေချိုးခန်းထဲကထွက်လာပြီး အကျီဝတ်ကာ အပြင်ထွက်လာခဲ့သည်။သဏ္ဍန့်အသက်အရွယ်အရဆိုလန်းဆန်းတက်ကြွနေရမှာကို ဒီလိုမျိူးဖြစ်သွားတာလက်မခံနိုင်။စမ်းသပ်ကြည့်မှရမည်။စည်သူ့ကိုဖုန်းဆက်လိုက်ပြီး အခု တည်းနေတာထက်ကောင်းတဲ့ဟိုတယ်မှာအခန်းတစ်ခန်းယူပေးဖို့နဲ့ဒီနေ့တနေကုန်ရှိုင်းထက်အောင်သွားချင်တဲ့နေရာတွေလိုက်ပို့ပေးဖို့ပြောလိုက်ပြီး ရှင်သန်လင်းဆီဖုန်းခေါ်လိုက်သည်။ဒီတစ်ခါတော့ ချောချောချူချူဖုန်းကိုင်သည်။

(အဟွန်းး..အပိုးကျိုးသွားပြီ။ရှင်သန်လင်းကတခါတလေ အဲ့လိုကြမ်းပေးမှ)

သဏ္ဍန်ဆေးလိပ်ဖွာနေရင်းး...

'ရှင်သန်လင်း'

'ဟုတ်ကဲ့'

'စာပို့ထားပလား'

'မပို့ရသေးဘူးအကို'

'ပို့ထား ငါမနက်ဖြန်ပြန်လာမှာ'

'ဗျာ ၅ရက်ကြာမယ်ဆို'

'ဒီလိုပဲဖြစ်သွားတယ်'

'ဟုတ်'

'ရှင်သန်လင်း'

'ဗျာ'

'ငါပြသနာတက်နေတယ်'

'ဗျာ ဘာဖြစ်လို့လဲအကို '

သူ့ဘက်ကအဲ့လိုပြောလိုက်တာနဲ့လေသံပြောင်းသွားပြီးပြာပြာသလဲဖြစ်သွားတဲ့အသံကိုသဏ္ဍန်တကယ်သဘောကျလို့ ပြုံးလိုက်မိသည်။

'personal case မင်းအကူအညီလိုတယ် ကူညီနိုင်မလား'

'ကူညီမယ်အကို ဘယ်လိုကူညီပေးရမလဲ'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now