Final Extra

3.8K 146 1
                                    


'ကိုကို..အတူနေချင်ပြီဗျာ'

'မင်းငါ့ကိုဘယ်လိုကတိပေးထားလည်း'

'ကိုကိုကလည်းဗျာ...'

ရှိုင်းခါးကိုနောက်ကနေဖက်ထားတဲ့နေရောင့်
လက်တွေကိုဖယ်ချလိုက်ပြီး နေရောင်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်တော့ ရှိုင်းကိုမကြည့်ဘဲခေါင်းငုံ့ထားတဲ့နေရောင်။နှုတ်ခမ်းကလည်းဆူထားသေး။

'အဲ့တုန်းကတော့ ကိုကို့သဘောအတိုင်းဖြေစေရမယ်ဆို..ကတိပေးထားတဲ့အတိုင်းလိုက်နာပါမယ်ဆို'

'အဲ့တုန်းကနဲ့အခုနဲ့အခြေအနေမတူတော့ဘူးလေ'

'ဘာမတူတာလဲ'

'ဟိုလူလေ..ဟိုလူက ကိုကို့ကိုပြန်ကပ်နေတာလေ အရှက်မရှိသရက်စိကောင်'

(မျက်နှာကိုမဲ့ရွဲ့ပြီးပြောနေတဲ့နေရောင့်ကို ရှိုင်းရယ်ချင်နေပေမယိ့ ရစ်ချင်သေးလို့မရယ်နိုင်သေး)

'ဒါဆို မင်းကငါ့ကိုမယုံကြည်တာပေါ့'

'ကိုကိုကလည်းဗျာ..ကျွန်တော့်စိတ်ကို ကိုကိုသိရဲ့သားနဲ့'

'အင်းလေ...အခုမင်းစိတ်ကငါ့ကိုမယုံကြည်နေတာလေ'

ရှိုင်းစကားကြောင့်နေရောင်က ဘာမှပြန်မပြောတော့ဘဲ ထမင်းစားပွဲကခုံမှာဝင်ထိုင်ပြီးစားပွဲပေါ်ခေါင်းမှောက်ချထားပြီးငြိမ်နေလို့ ရှိူင်းကလည်းအသာလေးပဲရပ်ကြည့်နေလိုက်သည်။

၁မိနစ်
၂မိနစ်
၃မိနစ်
၄မိနစ်
၅မိနစ် ရှိပြီ။

နေရောင်က ခေါင်းထူမလာသေးဘဲငြိမ်နေတုန်း။အချိန်က ညနေ၃နာရီ မလို့ သမီးကိုကျောင်းသွားကြိုဖို့နီးလာပြီ။သမီးက အသက်၄နှစ်ပြည့်ပြီးပြီဖြစ်တာကြောင့် မူကြို စ တက်နေပြီဖြစ်သည်။သမီးရဲ့ကျောင်းပို့ကျောင်းကြိုတာဝန်ကိုလည်းနေရောင်ကပဲယူပေးထားပြီး ရှိုင်းကိုအိမ်ထဲကကိုအပြင်ပေးမထွက်။တနေ့တနေ့ဆိုင်နဲ့အိမ်နဲ့ပဲ နပန်းလုံးနေရတာ သူ့ကြောင့်။လူကိုသာ အပြင်ပေးမထွက်တာ။သူ့accမှာကျ ရှိုင်းနဲ့သူနဲ့ပုံတွေ ထောင်ကျော်နေသလို သမီးပုံတွေလည်းအများကြီး။ဒါတင်မက ရှိုင်းကသူ့အပိုင်ဖြစ်ကြောင်း relationshipချိတ်ထားလိုက်သေး။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now