Extra 2

3.6K 154 6
                                    

Extra 2

'ရှိုင်း သမီးးလေးမွေးပြီး ၁၀ လအကြာ'
-------------–-–--–---------

'မတုတ် ဝေယံဖုန်းမကိုင်လို့ ဆိုင်ကိုသွားကြည့်ပေးပါအုံး..ဆေးခန်း သွားဖို့အချိန်ကနီးနေပြီ'

မတုတ်ထွက်သွားတာနဲ့ နေရောင့်ဆီကဖုန်းဝင်လာပြန်သည်။မနက်ကတည်းကခေါ်နေတာ အကြိမ်ရေများနေပြီ။လူနာကြည့်ရမယ့်အချ်ိန်ကိုကွာ..။ရှိုင်းသမီးကိုရင်ခွင်ထဲပွေ့ထားရင်းဖုန်းပြောတော့သမီးကငြိမ်ငြိမ်လေးအိပ်နေသည်။သမီးက ကျန်းမာရေး သိပ်မကောင်းလို့ဒီနေ့သမီးကို ကလေးအထူးကုနဲ့ပြပေးဖ်ို့ နေရောင်နဲ့ချိန်းထားခြင်း။

'ပြော'

'ကိုကို..မလာသေးဘူးလားဗျ မျှော်နေတာ '

'ဝေယံ့ကိုစောင့်နေလို့'

'ကျွန်တော်လာခေါ်မယ်လေ...ဟုတ်တယ်...ကိုကိုမလာနေနဲ့..ကျွန်တော်ပဲလာတော့မယ်'

'မလာနဲ့..လူနာတွေကိုမထားခဲ့နဲ့'

'ဒီနေ့ကိုကိုနဲ့ချိန်းထားလို့ ဘယ်patientမှထပ်ပြီး လက်မခံထားဘူး..နက်ဖြန်မှလာဖို့ချိန်းပေးထားတာ..နော်..ကိုကို..ကျွန်တော်လာမယ်လို့..သမီးကိုလည်းစိတ်ပူနေလို့'

'ခဏလေး..'

မတုတ်ပြန်လာတာတွေ့သောကြောင့်မတုတ်ကိုမေးလိုက်တော့ ဝေယံက အရေးကြီးဧည့်သည်လာလို့ ဧည့်ခံပေးနေရကြောင်း ၁၀မိနစ်လောက်ထပ်စောင့်ဖို့ပြောလိုက်သည်တဲ့။ ဝေယံနောက်ဆံတင်းနေမှာဆိုးတာကြောင့် နေရောင်လာခေါ်
ပေးမည့်အကြောင်းမတုတ်ကိုနောက်တစ်ခေါက်သွားပြန်ပြောခိုင်းလိုက်တော့သည်။

'ကိုကို...လာပြီနော်'

'အင်း..'

'ဟုတ်..အခုလာပြီ'

နေရောင်လာမယ်ပြောတာကြောင့် သမီးကိုပွေ့ထားရင်းဧည့်ခန်းထဲမှာပဲ နေရောင့်ကိုထိုင်စောင့်နေလိုက်သည်။ရှိုင်းရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သမီးလေးရဲ့နှုတ်ခမ်းလေးကို လက်ညှိုးထိပ်လေးနှင့်ဖွဖွထိတွေ့ရင်း ရှိုင်းပြုံးမိသည်။သမိးက တကယ့်အချောလေး..ကြီးလာရင်ဒီဖေဖေတော့ သမီးနောက်တကောက်ကောက်လိုက်ရတော့မယ်နဲ့တူတယ်ကွာ။ပြွတ်စ်။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now