/13/

7.2K 438 10
                                    


'ဒေါက် ဒေါက်'

'ဝင်ခဲ့'

သဏ္ဍန် တိုးချဲ့စက်ရုံရဲ့ reportတွေစစ်ဆေးနေစဥ် သူ့ရဲ့PA စည်သူဝင်လာသည်။

'ပြော စည်သူ'

'မှော်ဘီအိမ်ကို ပစ္စည်းတွေအကုန်ပို့လိုက်ပါပြီဆရာ'

'မပို့ခင် သူပို့ထားတဲ့စာရင်းနဲ့တိုက်စစ်ရဲ့လား..ကျန်နေခဲ့တာမျိုးမရှိဘူးမလား'

'၃ခါစစ်ပြီးမှ ပို့လိုက်တာပါဆရာ'

'thanks..စည်သူ..မင်းကငါ့အတွက်အကောင်းဆုံးပဲ..မင်းမိန်းမအခြေအနေရော '

စည်သူ့မိန်းမက ရင်သားကင်ဆာဖြစ်နေသောကြောင့်ဆေးရုံတက်နေရခြင်း။

'ဆရာ့ကျေးဇူးကြောင့်အားလုံးအဆင်ပြေပါတယ်ဆရာ..'

'ဟုတ်ပြီ..လိုတာရှိပြော..ငါ့ကိုအားနာစရာမလိုဘူး..ကလေးနှစ်ယောက်ရော ကျောင်းမှာအဆင်ပြေလား..အဲ့ဒီကျောင်းအပေါ်မင်းဘယ်လိုမြင်လဲ'

'နာမည်ရထားတဲ့ကျောင်းဆိုတဲ့အတိုင်း တော်တော်လေးအဆင်ပြေတယ်ပြောရမယ်ဆရာ..ကလေးတွေလည်းပျော်တယ်..အစားအသောက်နေရာထိုင်ခင်းကအစ လုံးဝရှယ်ပဲ..သင်ကြားရေးပိုင်းလည်းတော်တော်ကောင်းတယ်..သမီးကြီးဆို ဂျပန်စကားနဲ့အဂ်လိပ် speaking တော်တော်မွှတ်နေပြီဆရာ..
ဥိးသဏ္ဍန်ကုမ္ပဏီမှာအလုပ်ပြန်ဝင်မှာမလို့ သူတအားကြိုးစားနေပါတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော့်ကိုတတွတ်တွတ်ပြောခိုင်းနေတာ ဆရာ..ဟီးး'

'အဟင်းး..ကြိုးစားလို့ပြောလိုက်..ကြိုးစားသူတွေအတွက် ငါ့ကုမ္ပဏီက always wellcome ပဲ'

'ဟုတ်ကဲ့ဆရာ..'

'ဒါနဲ့ စည်သူ'

'ဟုတ်ကဲ့ဆရာ..'

'အဲ့ဒီကျောင်းမှာ Kgတန်းတွေရော ညအိပ်ညနေလက်ခံလား'

'Kg ကနေ G12ထိလက်ခံတယ်ဆရာ..'

စည်သူ့စကားကို ဆရာကခေါင်းတငြိမ့်ငြိမ့်လုပ်နေရင်းမှ

'ရှင်သန်လင်းရဲ့ညီနဲ့ညီမကို အဲ့ဒီကျောင်းမှာအပ်လိုက်ရင်ကောင်းမလား..ဒါမှသူကလူနာကိုပြုစုဖို့ပိုပြီးအချ်ိန်ပေးနိုင်မယ်ထင်တယ်'

'' အဖြည့်ခံ '' (Complete)Where stories live. Discover now