/36/

8.4K 508 53
                                    

Part 36

'အလင်း...သွားရအောင်လေ'

စည်သူက အလင်းအိတ်တွေကိုကားပေါ်တင်ပေးပြီး အိမ်ထဲပြန်ဝင်လာတဲ့ထိ အလင်းက သူနေခဲ့တဲ့အခန်းတံခါးဝမှာမတ်တပ်ရပ်ပြီးကြည့်နေတူန်း။သူခေါ်လိုက်တော့ ခေါင်းငုံ့သွားပြီးမျက်ရည်သုတ်နေတာလားမသိ။သူ့ကိုလှည့်ကြည့်ပြုံးပြနေပေ
မယ့် အငိုမျက်လုံး အပြုံးမျက်နှာလေးနဲ့။

'ကိုဇေတို့ကိုဖုန်းဆက်ထားပြီးပြီလားအလင်း'

'ဟုတ် ဆက်ထားပြီးပါပြီ။ကလေးတွေနဲ့ကျောင်းရှေ့မှာစောင့်နေမယ်တဲ့'

'ဒါဆို ကျောင်းကိုပဲတန်းသွားရမှာပေါ့'

'ဟုတ်ကဲ့..ဟိုလေ..ကိုစည်သူ..အလင်းသန့်စင်ခန်းခဏ'

'ရတယ်လေ အလင်း..အေးဆေးလုပ်ပါ..ကျွန်တော်ကားပေါ်ကစောင့်ပါမယ်'

ကိုစည်သူအိမ်အောက်ကိုဆင်းသွားတာသေချာတော့မှ အလင်းက အကို့အခန်းထဲဝင်လာပြီး အကိုအိပ်သွားဖူးတဲ့အိပ်ယာပေါ် ဘေးတစ်စောင်းလေးလှဲချလိုက်ရင်း အကို့ခေါင်းအုံးကိုလက်နဲ့ဖွဖွပွတ်သပ်ရင်းမျက်ရည်ကျမိသည်။

ညက အကိုပို့လာတဲ့စာကိုဖတ်ပြီးကတည်းက အလင်းငိုနေမိတာခုချိန်ထိ။အကို့လူသိသွားရင်အခုလိုဖြစ်မယ်ဆိုတာသိပေမယ့် အကို့လူသိသွားတာမြန်လိုက်တာ။အလင်းအကို့စကားနားထောင်ပြီးအိမ်ထဲကအိမ်ပြင်မထွက်ဘဲနေတာတောင်ဘယ်လိုသိသွားလဲမသိဘူးနော်အကို။အလင်းလေအကို့အနားမှာအကြာကြီးဆက်နေချင်သေးပေမယ့် မဖြစ်နိုင်တော့ဘူးပေါ့။

အထွေးနဲ့အငယ်က အကို့ကိုမေးလာရင်ဘယ်လိုဖြေရမလဲ။အကိုမှာတဲ့အတိုင်းအလင်းနေမှာမလို့ စိတ်ချပါအကို။ကိုသစ်ထူးကိုအစွမ်းကုန်စောင့်ရှောက်ပေးပြိး လိမ်လိမ်မာမာနေပါ့မယ်။အကို့က်ို
လုံးဝမဆက်သွယ်မိအောင်လို့အကို့ဖုန်းနံပါတ်ကိုdeleteလိုက်ပါပြီ။ Social ကိုလည်းအကိုသိနေတဲ့ accကိုမသုံးတော့ပါဘူး။အလင်းနဲ့ပတ်သတ်တဲ့အရာမှန်သမျှ အကို့အနားမှာ ဘာမှမရှိတော့အောင်ခြေရာဖျောက်ပြီးနေပါ့မယ်။ဒီ၃လအတွင်းအလင်းတို့မောင်နှမတွေကိုရော အလင်းကိုရောဂရုစိုက်ပေးကြင်နာပေးခဲ့လို့ကျေးဇူးတင်ပါတယ်။

'' အဖြည့်ခံ '' (Complete)Where stories live. Discover now