အမြတ်နိုးဆုံးဝမ် အပိုင်း၁

5K 193 13
                                    

Part 1

အမြတ်နိုးဆုံးဝမ်

" သခင်လေးပြန်လာပြီလား
ရှင်းလေးက ထမင်းစားဖို့စောင့်နေတယ် "

ဝမ်ရိပေါ်ပြန်လာလာချင်း အိမ်တော်ထိန်း
စကားသံကြောင့် အမောစို့သွားသည်။

" အိမ်တော်ထိန်း ည၉နာရီတောင်ထိုးနေပြီလေဗျာ "

"  ကျွန်တော်တို့ဘယ်လိုကျွေးကျွေး မစားတာပါ
သခင်လေး "

အားကျယ်ခေါင်းကိုအောက်ငုံ့ထားကာပြောလိုက်သည်။
ရှင်းလေးအစာမစားတာ ဝမ်သခင်လေးအတွက်
စိတ်ဆိုးစေသော အကြီးမားဆုံးသော အကြောင်းအရာဖြစ်သည်။

" ကျွန်တော်ထမင်းစားခန်းထဲကစောင့်မယ်
ရှင်းလေးကိုခေါ်ခဲ့ပါ "

" ရေအရင်မချိုးဘူးလား သခင်လေး "

" ကျွန်တော်ရေချိုးဖို့ကို ပြဿနာလား "

" ဟုတ်ကဲ့ သခင်လေး "

ဝမ်ရိပေါ်စိတ်ဆိုးနေတာကြောင့် အားလုံးတုပ်တုပ်မှ
မလှုပ်ရဲပေ။

" ကိုကို "

နောက်ကနေသူလည်ပင်းကိုဖတ်ထားသောညီကြောင့်
ချက်ခြင်းပဲပြုံးမိသည်။

" ချွဲမနေနဲ့ ကိုကိုဘေးမှာလာထိုင် "

ဝမ်ရိရှင်း ကိုကိုဘေးနားထိုင်လိုက်သည်။
ကိုကိုကချက်ခြင်းပဲ ထမင်းခွံတာကြောင့်
ပါးစပ်ဟကာ စားလိုက်သည်။

" ဒီချိန်ထိထမင်းမစားပဲ ဘာလုပ်နေတာလဲ "

" ကိုကို့ကိုစောင့်နေတာလေ "

" ကိုကိုပြောထားတာလေ ၇နာရီမှကိုကိုပြန်မလာရင်
ထမင်းစားရမယ်လို့ "

" အခုစားနေပြီပဲကိုး "

" ကျင်းရီ! "

" အမိန့်ရှီပါ သခင်လေး "

" အားကျယ်ကိုအလုပ်ထုတ်လိုက်တော့
ညီနားမှာအနီးကပ်နေဖို့ ကလေးထိန်းနောက်တစ်ယောက်ထပ်ရှာ "

" ဟုတ်ကဲ့ သခင်လေး "

ရိရှင်းနားကလူတွေအလုပ်ထုတ်ခံရတာ ဒါနဲ့ဆို ဆယ်တစ်ယောက်မြှောက်ရှီပြီ ဆယ့်နှစ်ယောက်အလုပ်သမားကို
ထပ်ရှာရတော့မှာပဲ အကြောင်းက သခင်လေးရိရှင်းကိုအချိန်မှန်ထမင်းမကျွေးနိုင်တာကြောင့် ဖြစ်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now