Part 33

1K 87 13
                                    

Part 33

  ရိပေါ် ဦးလေးဖြစ်သူနဲ့ ဖုန်းပြောပြီး သက်ပြင်းချနေမိသည်။

" ဘာဖြစ်လို့လဲဝမ် "

  ရှောင်ကျန့် ဝမ်ကို Morning Kissပေးပြီး မေးလိုက်သည်။

" ဦးလေးက ညစာစားဖိတ်တယ် "

" ရှင်းလေးနဲ့ ရင်းနှီးမှုလိုချင်လို့ဖြစ်မှာပေါ့ "

ဝမ်ရိပေါ်ခေါင်းညိတ်လိုက်သည်။

" ဦးလေးအနေဖြင့် ရှင်းလေးနဲ့များများ
တွေ့တာကောင်းတယ် "

" ဘာဖြစ်လို့လဲကိုကို "

" အဲ့တာမှ သူရှင်းလေးကို သည်းခံနိုင်မှု ရှီမရှီသိလာမှာပေါ့ "

" သည်းခံနိုင်ပြီး ခေါ်သွားမယ်ဆိုရင်ကော "

" အဲ့လောက်ထိမတွေးပါနဲ့ ဝမ် "

" တွေးရမယ်ကိုကို ရှင်းလေးကို
ကျွန်တော်ဘယ်လောက်ထိချစ်လဲ
ဘယ်လောက်လိုအပ်နေလဲ
ကိုကိုမှမသိတာ "

ရှောင်ကျန့် ဝမ်ကိုဆွဲဖက်လိုက်သည်။

" ကိုကိုသိတာပေါ့ ကိုကိုသိပါတယ်
မစိုးရိမ်ပါနဲ့ "

  ဝမ်ကျောကိုပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
ဝမ်ကို ပူပင်မှူတွေမဖြစ်စေချင်ဘူး အေးချမ်းမှုကိုပဲပေးချင်တယ်

" ကိုယ်နဲ့အတူရေချိုးရအောင် "

  ဝမ်ခေါင်းညိတ်သည်။ ဝမ်နဲ့အတူရေချိုးပြီး
နံနက်စာ စားဖို့ဆင်းလာခဲ့လိုက်သည်။

" ရှင်းလေးမထသေးဘူးထင်တယ်
ကျွန်တော်သွားနှိုး.."

   ရိပေါ်တစ်ဖက်အလှည့် ထမင်းစားခန်းထဲ
ဝင်လာသောရှင်းလေးကိုတွေ့ရသည်။
လေးယောက်သား အစာစားနေစဥ် ကိုကိုက
ကျွန်တော်အစားညီကိုပြောလိုက်သည်။

" ညနေကျရင် ဝမ်အိမ်တော်မှာ ညစာစားမှာ
ရှင်းလေး ကျောင်းကအပြန် အိမ်တန်းပြန်လာရမယ်နော် "

" ကျွန်တော်မလိုက်ဘူး "

" ဦးလေးက ရှင်း​လေးနဲ့ ရင်းနှီးမှုလိုချင်နေတာ
ဦးလေးက ကိုကိုတို့ရဲ့
တစ်ဦးတည်းသောဆွေမျိုးလေ
ကိုကိုတို့လက်ခံလိုက်ရအောင်နော် "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now