Part 6

1.3K 122 8
                                    

Part 6

    ဒီကောင်စုတ်လေး ဒီနေရာကို
ဘယ်လိုရောက်လာပါလိမ့်
ရှောင်ကျန့် အတက်နိုင်ဆုံး
မျက်နှာကိုငယ်ထားလိုက်သည်။
ရှောင်ဝမ်သိသော အစ်ကိုပုံစံ ကွဲပြားသောအနေအထားဖြင့် သွား၃၂ချောင်းပေါ်အောင်
ရှောင်ဝမ်ကိုပြုံးပြလိုက်သည်။

" အစ်ကို! "

  အစ်ကိုတဲ့ ဒီကောင်ရမ်းခေါ်ရလား
ဝမ်က မေး၏

" ဘယ်သူလဲ အစ်ကိုက "

" သူလေ "

  ရှောင်ဝမ်က ကျွန်တော်ကိုလက်ညိုးထိုးကာ
ညွှန်သည်။

"  ကျွန်တော်က ဒီအိမ်ရဲ့အစေခံပါ "

ရှောင်ကျန့်နှိမ့်ချစွာပြောလိုက်သည်။

"  အစေခံ!.."

" ဟုတ်ကဲ့အစေခံပါ "

" ဝါး ကျွန်တော်အစ်ကိုနဲ့တော်တော်တူလိုက်တာ "

ရိရှင်း ရှောင်ကျန့်ကိုလှည့်ကြည့်ရင်း မေးလိုက်သည်

" တော်တော်တူတာလား အစ်ကို "

" တူတာပေါ့ တော်တော်ကြီးကိုတူတယ်
ဒါပေမဲ့ မတူတာလည်းရှီတယ် "

" ဘာမတူတာလဲ အစ်ကို  "

  ရိရှင်းစိတ်ဝင်စားစွာ ထပ်မေးလိုက်သည်။

"  ကျွန်တော်အစ်ကို့ကကြောက်ဖို့ကောင်းတယ်
ခန့်ညားပေမဲ့ သူ့အကြည့်ကခက်ထန်ပြီး
ရုပ်ဆိုးတယ် သူဖြစ်ချင်တာကိုရအောင်လုပ်တယ်
အိမ်မှာဆို သူအမိန့်ပဲနာခံရတယ်
အခု ကျွန်တော်ပြန်လာတာသူမသိလို့
သိရင် လေယဥ်ကွင်းကနေ ဆီးကြိုပြီး
ကျွန်တော်ကိုကန်ဖို့ စောင့်နေမှာ "

" ဟီးဟီး..ဟားဟား "

   ရိရှင်းသဘောကျစွာအားရပါးရရယ်သလို
ရိပေါ်လည်းပြုံးသွားသည်။

" ရှင်းလေးရယ်သံမကြားရတာကြာပြီ
မင်းကြောင့် ငါ့နားထောင်ရတာ "

  ရိပေါ်က ရှင်းလေးပန်းကန်ထဲ ဟင်းထည့်ပေးကာဆို၏ ။

" သခင်လေး ထမင်းလည်းသေချာဝါးစားပါအုံး "

   ရှောင်ကျန့် သခင်လေးရှင်းကို
ဟင်းထည့်ပေးကာဆိုလိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now