Part 14

1.1K 107 13
                                    

Part 14

" ရေခဲမုန့်စားချင်ပါတယ်ဆို "

" စားလို့မရဘူး "

" စားချင်ပါတယ်ဆို "

" မတည့်တာမတောင်းပါဆိုပါနဲ့ သခင်လေးရယ် "

" ယောက်ဖကလည်း"

     သခင်လေးဂျီတိုက်နေတုန်း ဝမ်နဲ့ရှောင်ဝမ်
တံခါးခေါက်ပြီး ဝင်လာသည်။

  " ဘာဖြစ်လို့လဲ ကလေးလေးရဲ့ "

  မျက်နှာမကောင်းဖြစ်နေတဲ့ညီကို ဝမ်မေးလိုက်သည်။
ရှောင်ဝမ်က သစ်သီးခြင်းကို ရှောင်လေးဆီကမ်းပေးလိုက်သည်။

" သစ်သီးစားမလား သခင်လေး "

    ရှောင်လေးမေးတာပြန်မဖြေပဲ Suit အဖြူရောင်နဲ့ ကြည့်ကောင်းနေတဲ့ရှောင်ဝမ်ကို
ရိရှင်း မျက်တောင်မခက်ကြည့်နေမိသည်။

" သခင်လေး သစ်သီးခွဲပေးမယ်လို့ "

" မစားချင်ဘူး ရေခဲမုန့်ပဲစားချင်တာ "

"  မတည့်ပါဘူးဆိုမှ "

  ဝမ်ပြုံးကာ ကုတင်ပေါ်ထိုင်ကာ ရိရှင်းလက်ကို
ကိုင်လိုက်သည်။

" ရှင်းလေးပဲ ဆေးရုံကဆင်းချင်ပြီဆို "

" အွန်း  "

" အဲ့တာဆိုမတည့်တာမစားရဘူးလေ ကလေးလေးရဲ့ "

  ဝမ်ရိပေါ် ညီဖြစ်သူကိုချော့လိုက်ပေမဲ့
သူရင်ထဲမကောင်းပေ။ ရှင်းလေးဆေးရုံတက်တာ
၃ရက်ရှီနေပြီဖြစ်သည်။ သုံးရက်လုံး ရှင်းလေးက
ဆေးသွင်း ဆေးထိုး ဆေးသောက်နဲ့ ဒုက္ခခံနေရတာဖြစ်သည်။
နာကျင်လွန်းလို့ ဂျီခဏခဏကျတာကို
လိုက်လျောချင်ပေမဲ့
တချို့တောင်းဆိုမှုတွေက ရှင်းလေးနဲ့မတည့်တာကြောင့်ချောမြူနေရသည်။

"  အစ်ကိုက ရှင်းလေးနေကောင်းရင်း
ရှင်းလေးဖြစ်ချင်တာ သွားချင်တာ အကုန်ဖြည့်ဆည်းပေးမယ် "

      ရှောင်ဝမ်ပြောလိုက်တော့ ရှင်းလေးခေါင်းညိတ်သည်။
ခါတိုင်းလို တကယ်လား ကတိနော်ဆိုပြီး
ဝမ်းသာအားရမဆိုတော့ပေ။

"  ပါးစပ်ဟပါအုံး..အာ! "

  ရှောင်ကျန့်သစ်သီးခွဲပြီး ချော့ကျွေးဖို့ကြိုးစားနေသည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now