Part 35

923 91 5
                                    

Part 35

    ဖုန်းမြည်သံကြောင့် ရှင်းလေးချက်ခြင်းနိုးလာကာ
ဖုန်းကိုင်လိုက်သည်။

" ရှင်းလေး "

" ဘာကြောင့်ဆက်သွယ်လို့မရရတာလဲ "

" ကိုယ်နယ်မှာ MTVသွားရိုက်နေလို့ပါ
ဘာဖြစ်လို့လဲ "

" ဘာကိုဘာဖြစ်လို့လဲတဲ့လား "

  ရှင်းလေးအသံနားထောင်ရတာ ကျွန်တော်အပေါ်
တော်တော်စိတ်ဆိုးနေပုံရသည်။

" ကိုယ်အလုပ်ရှုပ်တဲ့အချိန်နားလည်ပေးဖို့
ပြောထားတယ်လေ "

" ဒါပေမဲ့နေမကောင်းတဲ့အချိန်တော့ လွမ်းတာပေါ့
အားလည်းငယ်တယ် "

" ရှင်းလေးနေမကောင်းဘူးလား "

" အင်း နေမကောင်းတဲ့အချိန်တော့ တင်းနီကို
ချက်ခြင်းပြေးလာစေချင်တာ "

" ကိုယ်လာခဲ့ပါမယ် ရှင်းလေးဆီလာခဲ့မယ်နော် "

" အခုချက်ခြင်း "

" အွန်းပါ ကိုယ်ထွက်လာခဲ့ပါမယ် "

  ရှင်းလေး​ဖုန်းပြောပြီးမှ ရှောင်ဝမ် အပေါက်ဝကနေရပ်နေရာကနေ ဝင်လာလိုက်သည်။

" မင်္ဂလာမနက်ခင်းပါ ရှင်းလေး "

" အစ်ကိုအစောကြီးနိုးနေတာလား "

" အင်း ရှင်းလေးဘယ်လိုနေလဲ ကိုယ်လာကြည့်တာ "

" ကျွန်တော်ဒီနေလည်း ကျောင်းမသွားနိုင်ဘူး "

  ရှင်းလေးပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။

" ရေတော့မချိုးလိုက်နဲ့နော် "

  ရှောင်ဝမ်တောင်ပြောမဆုံးသေးဘူး
ရေသံကြားရသည်။

  " တင်းနီကို အဲ့ဒီလောက်တောင်ချစ်တာလား
သူနဲ့တွေ့ဖို့ရေချိုးခေါင်းလျှော်ရတယ်လို့ "

  ရှောင်ဝမ် ရှင်းလေးခေါင်းကိုလေမှုတ်ပေးရင်
ဆိုလိုက်သည်။

" ကျွန်တော်ကဖျားနေတာမှမဟုတ်တာ နုံးနေတာပဲကိုး "

    ရှင်းလေးကို ခေါင်းခြောက်အောင်မှုတ်ပေးရင်း
အိပ်ရာပေါ်လှဲစေလိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now