Part 38

849 89 8
                                    

Part 38

   အခန်းထဲရှီလူနှစ်ဦး တစ်ယောက်ကိုတစ်ယောက်
ကြည့်နေပြီး တိတ်ဆိတ်နေလျက်

   " ရိပေါ်ကို အမှန်အတိုင်း ပြောသင့်တယ်
ရှောင်ကျန့် "

   တိတ်ဆိတ်မှုကိုအရင်ဖြိုခွင်းသူက ကျန်းချန်

" ပြောမယ်..အခုလောလောဆယ်တော့မဟုတ်သေးဘူး "

" ရိရှင်းကဆေးသွင်းရတော့မယ်
အခုအသိမပေးရင်
နောက်ကျလိမ့်မယ် "

" ဆေးသွင်းတာက သွင်းလို့ရတယ်
ရိပေါ်ကိုသာ
မင်းအမှန်အတိုင်းမပြောနဲ့ "

" ရိပေါ်ကကလေးမဟုတ်ဘူး ကျန့်လေး
သူ့ညီကို ဘာဆေးသွင်းနေလဲ သူမေးမှာပဲ "

" ကျန်းချန့်! ကျေးဇူးပြု၍ "

" ရှောင်ကျန့်! "

    ရှောင်ကျန့် မျက်ရည်ကျလာသည်။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ

" မင်းသိလား ငါစတွေ့တုန်းကဝမ်ဆိုတာ
ပျောက်ဆုံးသွားပြီ "

" ကျန့်လေး..."

" ဝမ်ရဲ့အပြုံး ဝမ်ရဲ့တောက်ပမှုဆိုတာ
ပျောက်ဆုံးပြီး
ဝမ်ရဲ့နာကျင်မှု ဝမ်ရဲ့မျက်ရည်ဆိုတာကိုပဲ
ငါတွေ့နေရတယ်"

" ကျန့်လေး ရိပေါ်က ရိရှင်းရဲ့အဖေဆိုလည်းဟုတ်တယ်
အမေဆိုလည်းဟုတ်တယ် ရိပေါ်က ရိရှင်းကို
ပိုင်သလို
သူ့အရမ်းချစ်တဲ့ညီဆိုတာလည်း ဟုတ်တယ် "

" အခု ငါလည်းရိရှင်းရဲ့အစ်ကိုပဲလေ
ကလေးအကြောင်း ငါတစ်ယောက်ထဲပဲသိရင်ရပြီ "

" ရှောင်ကျန့် မင်းဘာလို့ပြောရခက်နေတာလဲကွာ
ရိပေါ်သိသင့်တယ် ပြီးတော့ ကလေးကနေပြန်ကောင်းမယ်လို့ ငါအာမခံတယ်ကွာ "

" ဘာ!...မင်းကနတ်ဘုရားလား "

" ရိရှင်းအခြေအနေက သိပ်မဆိုးသေးပါဘူးကွာ
ရိရှင်းကို ဆေးပုံမှန်ကုဖို့ ဒေါ်တာနဲ့လူနာရှင် ပူပေါင်းမှရမှာဖုန်းကွယ်ထားဖို့ မကြိုးစားပါနဲ့ကွာ "

ရှောင်ကျန့် မျက်ရည်သုတ်လိုက်ပြီး

" ငါကိုယ်တိုင်ပြောမယ် "

" မင်းထက် ငါကဒေါက်တာလေ
သူစိတ်မပူအောင် ငါပဲပြောပြမယ် "

" ဘာလဲ မင်းငါကိုပြောသလို ကင်ဆာလို့
တိုက်ရိုက်ပြောမလို့လား "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now