Part 15

1.2K 105 5
                                    

Part 15

   တကယ်ဆိုးတဲ့ဝမ် ခါတိုင်း ရှင်းလေးကို
ဆေးတိုက်ပြီးအထွက် ဝမ်ကိုတန်းမြင်ရသည်။
ဒီနေ့တော့ ဒင်းကပေါ်ကိုမလာပေ။

  ရှောင်ကျန့် အိပ်မပျော်ပဲ
အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန့်လျှောက်နေရင်း
တစ်ယောက်တည်း ပြောနေမိသည်။

   ဒေါက်.. ဒေါက်

    တံခါးခေါက်သံကြားလို့
ဖွင့်ကြည့်လိုက်တော့ ဝမ်ကိုတွေ့ရသည်။

" မအိပ်သေးဘူးလား "

" မအိပ်သေးလို့ ထဖွင့်ပေးတာပေါ့ "

  ဘုဆက်ဆက်ပြန်ပြောတဲ့ ရှောင်လေးကြောင့်
ရိပေါ်ပြုံးလိုက်သည်။

" ကိုယ်နဲ့အတူမအိပ်ဘူးလား "

  ရှောင်ကျန့် ဝမ်ရိပေါ်ကော်လံကိုဆွဲကာ
အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။

" သခင်လေးက ကျွန်တော်အခန်းဆီ
လာတာဆိုတော့ မကြောက်မရွံ့ စားခံချင်လို့လား "

  ဝမ်မျက်လုံးပြူးကျယ်သွားတာအရမ်းချစ်စရာကောင်းသည်။

" ကိုယ့်ကိုစားမလို့.."

"  အင်း.."

  ရှောင်ကျန့် ဝမ်ကိုနမ်းကာ
ကုတင်ပေါ်တွန်းချလိုက်သည်။

" မင်း.."

  ဝမ်အပေါ်အုပ်မိုးကာ
နှုတ်ခမ်းကိုစုပ်နမ်းလိုက်သည်။
ဝမ်လည်းသူလည်ပင်းကို သိုင်းဖက်ကာ
ပြန်နမ်းသည်။

"  သခင်လေးအောက်မှာနေပေး "

" ဟမ်!..မဖြစ်ဘူး "

  ရှောင်ကျန့်ဆူပုတ်ကာ ဘေးမှာလှဲချလိုက်သည်။

" ကျွန်တော်က အထက်ပုဂ္ဂိုလ်ပါနော်
သခင်လေးကိုချစ်လို့ အရင်တစ်ခါအောက်ဆင်းနေပေးတာ အခု သခင်လေးပြန်ဆင်းပေး "

" ဟမ်..မဖြစ်နိုင်တာ 
ရှင်းလေးက မင်းကိုအိမ်ရှင်မလို့
အသိမှတ်ပြုထားတာလေ ရှင်းလေးကို
ရှင်းပြရခက်အောင် မလုပ်ပါနဲ့ "

" ဟွန်း! ...ကောင်းသောညပါ သခင်လေး "

  ရှောင်ကျန့်စောင်ကိုဆွဲကာ ခြုံအိပ်လိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now