Part 7

1.2K 120 12
                                    

Part 7

   ရှင်းလေးက ရှောင်တင်းနီကြော်ငြာရိုက်နေတာကို
မမှိတ်မသုန်ကြည့်နေသည်။ ရှောင်တင်းနီကိုကြည့်တဲ့
မျက်လုံးက တောက်ပနေတာပဲ။ သူဝမ်ကိုကြည့်ရင်လည်းဒီလိုမျက်လုံးတိုင်းပဲနေမှာ

" နားချိန်ရောက်ပြီ သူ့နားကိုသွားလေ "

" ဗျာ! "

   အိမ်မှာစွာတဲ့အိမ်ကျယ်လေးက ရှောင်တင်းနီနားသွားဖို့ကျတော့ တွန့်ဆုတ်နေသည်။  ရှောင်ကျန့်ကပဲ
ကောင်လေးလက်ကိုဆွဲကာ ရှောင်တင်းနီနားရောက်အောင်လာလိုက်သည်။

   " ဘာလာလုပ်တာလဲ "

  မန်နေဂျာကလက်ကာပြီးတားသည်။

  " ကျွန်တော်တို့က Fanပါ "

    ရှောင်ကျန့်မန်နေဂျာလက်ကိုရိုက်ချပြီး
ရှောင်တင်းနီကြားအောင်ပြောလိုက်သည်။

" ဘယ်လိုလူမျိုးတွေမို့ ဝင်ခွင့်ရနေတာလဲ "

မန်နေဂျာကထပ်ပြောသည်။

"  ကျွန်တော်တို့သခင်လေးက ရိရှင်းကုမ္ပဏီက
ရှောင်တင်းနီရဲ့ Fan "

   ရှောင်ကျန့်ပြောပြီး ကောင်လေးကို
ရှောင်တင်းနီရှေ့တွန်းလိုက်သည်။

" အာ! "

  ရှောင်တင်းနီထိုင်နေရင်း သူဆီယိုင်ကျတော့မဲ့ကောင်လေးကိုထိန်းလိုက်သည်။

" တောင်းပန်ပါတယ် လက်ဆောင်ပေးချင်လို့ပါ "

    ရိရှင်း ရှောင်တင်းနီပေါင်ပေါ်သို့ လက်ဆောင်ပုံးကိုတင်ကာပြေးထွက်သွားသည်။

" သခင်လေး..ဟာ ဒီသခင်လေးကတော့ လက်မှတ်လိုချင်တယ်လည်းပြောသေး "

  ရှောင်တင်းနီကြားသွားကာ မန်နေဂျာဆီက သူ့ပုံတောင်းကာ
လက်မှတ်ထိုးပေးပြီး ရှောင်ကျန့်ကိုပေးလိုက်သည်။

" ကျေးဇူးတင်ပါတယ်
ကျွန်တော်နာမည်ကရှောင်လေး
ကျွန်တော်သခင်လေးနာမည်က ဝမ်ရိရှင်းပါ
မှတ်ထားပေးပါ "

ရှောင်ကျန့်ပြောပြီး သခင်လေးနောက်အပြေးလိုက်ရသည်။

" တော်တော်ရဲတင်းတဲ့လူတွေ "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now